2.6K 625 2
သူကအရမ်းသဘောကောင်းတာပဲ-1
(Unicode)
ရှုရှုက ကြက်သားမကျက်မည်စိုး၍ နှစ်နာရီလောက် ကြာအောင်စောင့်ပြီးမှ မီးကိုငြိမ်းကာ မီးကျွမ်းနေသောရွှံ့ခဲကြီးအားထုတ်လိုက်၏။ သူက ထိုရွှံ့များအားခက်ခက်ခဲခဲ ခွာယူလိုက်ရသေးသည်။
ရွှံ့တွေပြောင်သွားတော့ မွှေးပျံသည့်ရနံ့လေးက သစ်ရွက်များနှင့်ထုပ်ထားသည့် ကြက်သားမီးဖုတ်ဆီမှထွက်လာ၏။ ကြက်သားကင်ရနံ့နှင့်အတူ သစ်အယ်သီးစေ့၏ ချိုမြိန်သောမွှေးရနံ့ပါ ရောနှောနေပြီး အနံ့ရသည်နှင့် သားရည်တမြားမြားကျသွားစေလိမ့်မည်။ ရှုရှုက သူ့မျက်လုံးရှေ့မှ ကြက်သားကင်ကြီးက ကြည့်ကာ မျက်ရည်ကျမတက် ပျော်နေတော့၏။
သူ...သူအသားမစားရတာတောင် အတော်ကြာနေပြီလေ။
အတိတ်တုန်းက ပိုင်ရှင်တွေနှင့် လွန်စွာနီးနီးကပ်ကပ်နေခဲ့ရသော ရှုရှုမှာ အကျင့်ကောင်းလေးများစွာရှိ၏။ သူက သတ်မှတ်ထားသောနေရာတွင်သာ အညစ်အကြေးစွန့်၏။ ထို့ကြောင့် သူ၏ပိုင်ရှင်တိုင်းက အလိမ္မာတုံးလေးရှုရှုကို အချစ်ပိုကြ၏။ သူ့အား နှံစားသီးနှံတွေအပြင်၊ အသားကင်၊ ကြက်ဥပြုတ်များပါ ကျွေးကြ၏။ သို့သော် ဤတောထဲရောက်သွားပြီးနောက် အသားကိုမစားရတော့ပေ။
ရှုရှုက သူ၏လျှာလေးအပူလောင်မည်ကို ကြောက်၍ ကြက်သားကင်အား အအေးခံနေ၏။ ထို့နောက်သေးသေးကလေးဖဲ့ကာ မြည်းကြည့်လိုက်၏။ ထို့နောက် သူ၏မျက်ဝန်းလေးမှာ အရောင်တလက်လက်တောက်ပလာ၏။
အရမ်းရမ်း......အရသာရှိပြီး စားလို့ကောင်းလိုက်တာ။
ရှုရှုက တတိတိကိုက်စားနေရင်း သူ၏ဂူကျင်းဝလေးဆီမှ အသံကိုရုတ်တရက်ကြားလိုက်ရ၏။
ချက်ချင်းပဲ သူကအပြေးကလေးသွားကြည့်လိုက်ရာ....သန့်ရှင်းနေသည့်တောဝက်ကောင်လုံးအား တွေ့လိုက်ရ၏။ ထိုဝက်ပေါ်တွင်လည်း ရင်းနှီးနေသည့်ထိုလူ၏ အနံ့ရှိနေ၏။
ထိုလူက သူ့ကိုအသားထပ်ပေးပြန်ပြီ။ အသားတွေအများကြီးပါတဲ့ ဝက်ကောင်လုံးလိုက်​ပေးတာတဲ့။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now