2.4K 573 8
(Unicode)
မြွေကြီးက ဉာဏ်ကောင်းလှပြီး အရာအားလုံးလိုလိုလုပ်ကိုင်တတ်၏။ အတိတ်တုန်းက ဟမ်းစတားများအား ဆက်သွယ်မှုကျရှုံးခဲ့သော်လည်း  ထိုမြွေကြီးက ဉာဏ်အလင်းပွင့်ထားပြီးဖြစ်၍ ကျင့်ကြံပါက ပို၍တိုးတက်လာနိုင်သည်။ ထို့အပြင် မြွေကြီးက သူ၏လူတစ်ပိုင်း၊ကြွက်တစ်ပိုင်းခန္ဓာကိုယ်အား သဘောကျပုံရ၏။ မြွေကြီးလဲ လူသားဖြစ်ချင်လို့နေမှာ....။
ရှုရှုပို၍တွေးမိလေလေ သူ၏အစီအစဥ်အား အကောင်အထည်မြန်မြန်ဖော်လိုလေလေ ဖြစ်နေရ၏။ မြွေကြီးအား ကျင့်ကြံခြင်းနည်းလမ်းသင်ပေးပြီး သူကလည်း မြွေကြီး၏ဆရာသခင်ဖြစ်သွားလျှင် မြွေကြီးက သူ့အမိန့်မှန်သမျှနာခံပေလိမ့်မည်။
ရှုရှုက အလွန်ပင်ဂုဏ်ယူမိသွား၏။ ထိုအချိန်တွင် မြွေကြီးက သူ၏ဂူရှေ့ရောက်လာပြန်သည်။
မြွေကြီး၏ခေါင်းကြီး ဂူထဲဝင်လာသည့်အချိန် ရှုရှုမှာ ချက်ချင်းဆိုသလို အော်မိလိုက်၏။ သူကကြောက်ကာခုန်လိုက်ပြီး သူ၏'အိပ်ခန်း'လေးဆီ မြန်မြန်ပုန်းလိုက်လေသည်။
 ရှုရှု၏ပုံစံလေးအားကြည့်ရင်း အက်ဂါမှရင်ဘတ်ထဲမှခါးသီးစွာ ရယ်လိုက်မိလေသည်။ ခံစားချက်ကြီးက ကို့ယို့ကားယားနဲ့ အရမ်းနာကျင်ရတာပဲ.....
 သူထွက်သွားစဥ်က ဤနေရာကို ဘယ်သောအခါမှ ပြန်မလာတော့ဟု ဆုံးဖြတ်ခဲ့သော်လည်း ရုတ်တရက်ကျားအရေခွံအကြောင်းသတိရမိသွား၏။
 ယခုဆိုလျှင် ရာသီဥတုကို တဖြည်းဖြည်း အေးလာပြီး သားရဲတစ်ပိုင်းလူသားငယ်လေးမှာ အအေးကြောက်ပုံရ၏။ နောက်ပို၍အေးလာခဲ့လျှင် ထိုအကောင်ငယ်လေးခံနိုင်ရည်ရှိမည်မဟုတ်ပေ။ အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေးအား အေးခဲ၍မနေစေချင်ပေ။ ထိုအကြောင်းစဥ်းစားမိ၍ ရေကန်လေးဆီသွားကာ သုံးရက်ကြာရေစိမ်ထားသော ကျားအရေခွံအားဆယ်လိုက်၏။
 ကျားအရေခွံက အဆီအသားများမရှိတော့သော်လည်း အဆင့်အနည်းငယ် ပြုလုပ်ရန်ကျန်နေသေးပြီး ယခုထိသုံး၍မရသေးပေ။ အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေးအတွက် အလွန်စိတ်ပူပန်ရ၏။ ထို့ကြောင့် ထိုအကောင်ငယ်လေးဆီ နောက်တစ်ခေါက်ပြန်လာခဲ့ခြင်းဖြစ်၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now