👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑

2.4K 540 14
                                    

👑✨အက်ဂါ၏ စွမ်းပကား✨👑

(Unicode)
 
သားရဲလူသားအင်ပါယာတွင် ကြယ်ဓားပြများစွာမရှိချေ။

 အင်ပါယာက သန်မာပြီး သာယာဝပြောလေရာ ရိုင်းစိုင်းသည့်ဓားပြများအပေါ် နည်းနည်းလေးမျှ သည်းမခံခဲ့ပါပေ။

 သို့သော်လည်း ဓားပြများက အရေအတွက်တစ်ခုလောက်အထိ ရှိနေကြဆဲဖြစ်၏။ သူတို့ထဲမှအချို့မှာ ရာဇဝတ်သားများဖြစ်ကာ အသနားခံအပြစ်ဒဏ်မခံယူနိုင်ကြသည့်အတွက် ​ကြယ်တစ်ခုနှင့်တစ်ခုကြား အာကာသပြင်တွင် ဓားပြထွက်တိုက်ကြတော့၏။ သူတို့ထဲမှအချို့မှာ ကောင်းမွန်သည့်ဘဝရှိသော်လည်း ကောင်းမွန်စွာလုပ်ကိုင်ခြင်းမရှိပဲ တိတ်တဆိတ်သာ ဓားပြတိုက်စားကြခြင်းဖြစ်၏။ ထို့အပြင် မူလကတည်းက ဓားပြများ၏ သွေးသားများလည်းရှိကာ မဖွံ့ဖြိုးသေးသော ဂြိုဟ်များပေါ်တွင်သာ နေထိုင်ကြလေသည်။

 ဓားပြအဖွဲ့သေးသေးလေးများ စုဖွဲ့ထားကြသော်လည်း ၎င်းဓားပြအဖွဲ့များ အနည်းငယ်ခွန်အားကြီးလာကာ အဖွဲ့တောင့်လာလျှင် စစ်တပ်က ၎င်းတို့အား မျက်ခြေမပြတ်စ၍ စောင့်ကြည့်ပေလိမ့်မည်။ ထိုအချိန်အတောအတွင်း ဓားပြများက လက်လွတ်စပယ် မပြုမူရဲပေ။

 အကယ်၍ ထိုဓားပြများသာ အာကာသယာဥ်ကိုဓားပြတိုက်ပြီး ကုန်ပစ္စည်းများသာ လုယက်လျှင် အင်ပါယာက လူအား၊စစ်အားသိပ်မသုံးပဲ အနည်းငယ်သက်ညှာပေးတတ်သည်။ အကယ်၍ ဓားပြများက လူသတ်လုယက်ကာ ပြည်သူများကို နာကျင်စေပြီး ပြည်သူလူထု၏ ဒေါသကိုဆွပေးလိုက်ပါက စစ်တပ်ကလည်း ထိုဓားပြများကို မူလအသိုက်အမြုံကို ချက်ချင်း ရက်ရက်စက်စက်ချေမှုန်းပစ်တတ်သည်။

 ဥပမာအနေနှင့် အက်ဂါကိုယ်တိုင်က ကုန်တင်အာကာသယာဥ်ကို ဝင်စီးသည့် ဓားပြတစ်ဖွဲ့ကို ချေမှုန်းဖူးပြီး ထိုဓားပြများမှာ ယခင်နှစ်များစွာက အင်ပါယာမှထွက်ပြေးတိမ်းရှောင်နေခဲ့ရသူများ၏ မျိုးဆက်များဖြစ်နေသည်။ ထိုအချိန်တုန်းက သားရဲလူသားအင်ပါယာ၏ အခြေအနေမှာ တော်တော်လေး ကမောက်ကမ​ဖြစ်နေခဲ့၏။ ကြီးကြပ်မှုမရှိခဲ့သော ကိုယ်ပိုင်ဂြိုဟ်များရှိသွားခဲ့ပြီး ထိုထွက်ပြေးတိမ်ရှောင်သူများမှာ ၎င်းတို့၏ဂြိုဟ်ပေါ်တွင် အပြင်းအထန်ခံစားခဲ့ကြရ၏။ နောက်ပိုင်း မခံနိုင်ကြတော့သည့်အဆုံး ထွက်ပြေးတိမ်ရှောင်သူများမှာ သတ္ထုဂြိုဟ်တစ်ခု၏ ကုန်တင်အာကာသယာဥ်ကို ဝင်စီးကာ ကြယ်ဓားပြများအဖြစ် ခံယူခဲ့ကြလေသည်။ သူတို့က အစပိုင်း ကိစ္စများကို သင့်တင့်လျောက်ပတ်စွာကိုင်တွယ်ကြပြီး ​မှောင်ခိုသယ်ယူသည့်အာကာသယာဥ်များ၊ ကိုယ်ပိုင်ဂြိုဟ်မှ ထွက်လာသည့်အာကာသယာဥ်များကိုသာ လုယက်ပြီး လူမသတ်ခဲ့ကြပေ။ ထို့ကြောင့် အင်ပါယာကလည်း ၎င်းတို့အား ဖိနှိပ်ရာတွင် အားသိပ်မသုံးခဲ့ပေ။ နောက်ပိုင်း နှစ်အနည်းငယ်အကြာ ဓားပြခေါင်းဆောင်အသစ်ဆက်ခံချိန်တွင် ထိုဓားပြများက သူတို့ကိုယ်သူတို့ ခွန်အားကြီးမားလာကြပြီဟု ထင်မှတ်ခဲ့ကြလေသည်။ ထို့အပြင် ဓားပြအုပ်စုကလည်း သားရဲတစ်ပိုင်းလူသားပြတ်လပ်နေလေရာ နောက်တွင် မျက်နှာပြောင်ပြောင်နှင့် အပျော်စီးအာကာသယာဥ်ကို ဝင်စီးပြီး သားရဲလူသားအချို့အား သတ်ဖြတ်ကာ သားရဲတစ်ပိုင်းလူသားများအား ဖမ်းခေါ်သွားခဲဲ့ကြ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now