2.2K 569 39
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡
(Unicode)
ဖိအားက ယခင်ကျင့်ကြံခြင်းမိုးကြိုးခံယူစဥ်က ရခဲ့သည့်ဖိအားနှင့်တူညီလှပေသည်။ ရှုရှုက အနည်းငယ်စိတ်ထွေပြားသွားသော်လည်း တစ်စုံတစ်ခုအားသတိရသွားသလို အက်ဂါဘက်သို့လှည့်ကြည့်လိုက်တော့၏။
 အက်ဂါအား ခဏကြည့်လိုက်ပြီး ရှုရှုကအပြင်ဘက်သို့ပြေးထွက်ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် စုဝေးနေသော တိမ်အမည်းစုကြီးအားတွေ့လိုက်ရ၍ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။ " ကျင့်ကြံခြင်းမိုးကြိုး...။ ဒါကျင့်ကြံခြင်းမိုးကြိုးပဲ...."
ကောင်းကင်ပေါ်မှ တိမ်အမည်းထုမှာ သာမာန်မိုးကြိုးတိမ်ထုနှင့် လုံးလုံးကွာခြားလှ၏။ ကျင့်ကြံခြင်းမိုးကြိုး ရောက်လာခဲ့ပြီပဲ..။
သူ၏တပည့်ကြီးက မိုးကြိုးဒဏ်ခံယူရတော့မည်ကို ရှုရှုသိသော်လည်း ဤမျှအထိ ခပ်မြန်မြန်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူရဲ့မြွေကြီး လူဖြစ်တော့မယ်...^▽^။
ရှုရှုက အံ့လည်းသြသလို ပျော်လည်းပျော်၏။ တစ်ချိန်တည်းမှာပင် အက်ဂါက အပြင်ထွက်ကာ ရှုရှုနှင့်အတူ ကောင်းကင်ပေါ်သို့ မော့ကြည့်နေ၏။
သောက်ကျိုးနည်း တိမ်မည်းကြီးက ကောင်းကင်ပေါ်မှာ ဘယ်ကပေါက်ချလာရတာတုန်း။
ထိုတိမ်မည်းထုကြားမှာ တစ်ချက်တစ်ချက်လက်နေသော မိုးကြိုးများကို ကြည့်ကာ အက်ဂါက သူတို့အိမ်ကို မိုးကြိုးပစ်ချတော့မည်ဟု ခံစားလိုက်ရလေသည်။
"မြွေကြီးရေ...ခင်ဗျား ကျင့်ကြံခြင်းမိုးကြိုးကို ဖြတ်ကျော်နိုင်ရမယ်နော်။ ဒါကြောင့် အပြင်ကိုသွားပြီး မိုးကြိုးဒဏ်ခံယူလိုက်နော်...။ ကျွန်တော် ဒီနေရာကနေခင်ဗျားကို စောင့်ကြည့်နေမယ်...." ရှုရှုက အနီရောင်ပုတီးစေ့ဆီမှ ကျင့်ကြံခြင်းနှင့်ပတ်သတ်သည့် အသိများရရှိထားလေသည်။ ကျင့်ကြံခြင်းအဆင့်တက်ရန် မိုးကြိုးဒဏ်ခံယူခြင်းအား ကျင်​ကြံသူကိုယ်တိုင်ဖြတ်ကျော်ရမည်ဖြစ်ပြီး ကျင့်ကြံခြင်းမိုးကြိုးက အလွန်ကြောက်မက်ဖွယ်ကောင်းကာ သည်းခံနိုင်ရန်ပင် အလွန်ခက်ခဲလှ၏။ ထို့ကြောင့် မြွေကြီးအား ဤအိမ်မှ ထွက်ကာ မိုးကြိုးဒဏ်ခံယူခိုင်းခြင်းဖြစ်လေသည်။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now