2.5K 621 44
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈
(Unicode)
 သားရဲလူသားများစွာ ဝန်းရံနေသောကွင်းပြင်ကျယ်ကြီးအလယ်တွင် အိမ်ရှေ့စံမင်းသားမှာ မိုးကြိုးတစ်ချက်ခံယူလိုက် တစ်ခဏအနားယူလိုက်နှင့် အလုပ်ဖြစ်နေလေသည်။ ဂျက်စတင်က ထိုမြင်ကွင်းအားကြည့်ကာ သူ၏ဝတုတ်နေသော ခန္ဓာကိုယ်ကြီး တလှုပ်လှုပ်တုန်ယင်နေပြီး သူ၏မျက်လုံးထောင့်များက မသိမသာတုန်ခါသွားလေသည်။
 အက်ဂါ၏အကြေးခွံများမှ မိုးကြိုးကြောင့် အကုန်ကျွတ်ကျနေ၏။ ထိုပုံစံကပင် အလွန်နာကျင်နေမည်ဖြစ်ကြောင်း သိရှိနိုင်လေသည်။ အိမ်ရှေ့စံမင်းသားက တကယ်ပဲ အံ့သြစရာအကောင်းဆုံးပဲ။
 ငါတို့တော်ဝင်မိသားစုကို သတင်းပေးသင့်တယ်မလား။ ဂျက်စတင်က ထိုသို့တွေးမိသော်လည်း မလုပ်ပေ။
 အကယ်၍ အင်ပါယာဘုရင်နှင့် တော်ဝင်ကြင်ယာတော်တို့သာ သူတို့၏အဖိုးတန်သားတော်လေး ဤဂြိုဟ်တွင် မိုးကြိုးအပစ်ခံထိသွားသည်ဟု သိသွားလျှင် တော်ဝင်စုံတွဲက စိတ်အခြေအနေကောင်းတော့မည်မဟုတ်ပေ။ ထို့ကြောင့် အိမ်ရှေ့စံမင်းသားအဆင်ပြေပြီသေချာမှ တော်ဝင်မိသားစုထံအကြောင်းကြားခြင်းက ပိုကောင်းလိမ့်မည်။
 ထိုသို့စဥ်းစားလိုက်ပြီးနောက် ဂျက်စတင်က ယခုလက်ရှိအခြေအနေအတွက် ပို၍ပင်စိတ်ပူပန်သွားရလေသည်။
 ဂျွန်းက ဂျက်စတင်ယခုအခြေအနေကို လက်လွတ်စပယ်လျှောက်ပြောမည်မဟုတ်ကြောင်းယုံကြည်၏။ နောက်ပိုင်း ဂျက်စတင်သာ အက်ဂါအဆင့်ကျသားရဲဖြစ်သွားကြောင်း သိသွားလျှင်ပင် ဂျွန်းက လျှောက်မဖွအောင်ခြိမ်းခြောက်လိုက်မည်။ ဂျက်စတင်၏ သတ္တိအရ လျှောက်ပြောရဲမည်မဟုတ်​ကြောင်း ဂျွန်းကောင်းကောင်းသိလေသည်။
 အိမ်ရှေ့စံမင်းသားက ဂတ်စ်ဂြိုဟ်တွင် အဆင့်ကျသားရဲဖြစ်သွားပြီး မိုးကြိုးပါအပစ်ခံလိုက်ရသည်ဟူသော သတင်းအား ဘုရင်ခံ ဂျက်စတင်က ပျံ့နှံ့စေချင်မည် မဟုတ်ပေ။
 ဂျွန်းက ဂျက်စတင်နှင့် ဘေးချင်းယှဥ်ရပ်လိုက်ကာ အက်ဂါနှင့်ရှုရှုတို့နှစ်ဦးသားအား စောင့်ကြည့်နေတော့၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now