2.6K 598 5
ကျင့်ကြံခြင်း-1
(Unicode)
ရှုရှုက တောရိုင်းပန်းအများအပြားကိုခူးလိုက်ပြီး အရွက်ချွန်ချွန်နှင့်လှပသည့်ပေါင်းပင်အချို့ကိုပါခူးလိုက်၏။ ထို့နောက် အမြစ်ထုပ်အပေါ်အသာအယာတင်လိုက်ပြီး ကျောပေါ်ထမ်းကာ အိမ်သို့ပြန်လေတော့၏။
ကောင်းကင်ကြီးက ကြည်လင်နေ၏။ သူ့အားစောင့်ရှောက်ပေးနေသော တစ်စုံတစ်ယောက်ရှိသည်ဟူသော အသိက အထုပ်ကြီးကြီးကျောပေါ်တွင်ထမ်းပိုးနေရသော ရှုရှုအားပျော်ရွှင်စေ၏။
"🎼🎼ဘယ်ဘက်လက်မှာ ကြက်တစ်ကောင်၊ ညာဘက်လက်မှာ ဘဲတစ်ကောင်🎼🎼၊ ကျောပေါ်မှာတော့ ဝတုတ်တုတ်ကလေးလေးနဲ့......ဟီးးးဟီးးး...🎼🎼အိုးးးးးးငါ့ကလေးလေးးးးး🎼🎼လေးလိုက်တဲ့ ကလေးလေးးးး🎼🎼အိုးးးးးမိုင်းးးးးအိုးးးးးအိုးးးး"
ကြုံရာကျပမ်း ပါးစပ်ထဲရှိသမျှ သီချင်းလုပ်ဆိုရင်း သူ၏ဂူပေါက်လေးနားရောက်လာလေတော့ ရှုရှုက တောက်ပစွာပြုံးရယ်ပြန်၏။
အက်ဂါက နောက်မှလိုက်လာ၏။ သားရဲတစ်ပိုင်းလူသားလေး၏ သွေးစို့နေသောဒဏ်ရာ၊ခြစ်ရာများရှိသည့် အဝတ်မပါသော ကိုယ်လုံးလေးကို ခေါင်းအစခြေအဆုံးအပြန်ပြန်အလှန်လှန်ကြည့်မိနေ၏။ သူထိုအကောင်ငယ်လေးအတွက် အလွန်ပင်စိတ်မကောင်းဖြစ်ရ၏။
ထိုဒဏ်ရာများမှာ အပေါ်ယံသာဖြစ်သော်လည်း များပြားလှသည့်အတွက် ထိုအကောင်ငယ်လေး သေချာပေါက်နာနေပေလိမ့်မည်။ ဒါတောင်မျှ ထိုအကောင်ငယ်လေးက သီချင်းပင်ညည်းနေလိုက်သေးသည်။ အက်ဂါက သားရဲတစ်ပိုင်းလူသားလေးသုံးသွားသည့် ဘာသာစကားကိုလုံးလုံးနားမလည်ချေ။
သူက သားရဲလူသားတို့၏ ဘုံဘာသာစကားအပြင် အခြားဘာသာစကားအမျိုးမျိုးကို တတ်ကျွမ်း၏။ သို့သော်လည်း ထိုကောင်ငယ်လေးသီဆိုသွားသည့် စာကြောင်းတစ်ကြောင်းကိုပင် နားမလည်ခဲ့ချေ။ အက်ဂါမှာ စိတ်ဓာတ်ကျသွားရသည်။
ရှုရှုက သူ၏ဂူပေါက်လေးထဲဝင်သွားပြီး ဝင်ပေါက်လေးအားပိတ်ပြီးသွားပြီသေချာမှ အက်ဂါက စိတ်ချလက်ချ ထွက်သွားတော့၏။
........🐍..🐍..🐍..🐍..🐍..🐍..........
အက်ဂါက ထိုသားရဲတစ်ပိုင်းလူသားလေး ကျောပေါ်တွင် အထုပ်အလေးကြီးထမ်းနေသည်ကို သွားရောက်ကူညီပေးချင်ခဲ့၏။ သို့သော်လည်း ထိုကောင်လေးသူ့အား မည်သို့ကြောက်လန့်ကြောင်းကိုလည်း သိနေ၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now