🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္

2.6K 603 19
                                    

သူကအရမ်းသဘောကောင်းတာပဲ-2

(unicode)

လွန်ခဲ့သည့်ရက်တွေတုန်းက သဘောကောင်းတဲ့လူကြီးက နေ့တိုင်းအသားလာပို့ပေးသော်လည်း ရှုရှုက တခြားသူအပေါ်မမှီခိုလိုပေ။

မြက်စကပ်လေးအား ဝတ်လိုက်ပြီး ရှုရှုကဂူကျင်းလေးထဲမှထွက်ခဲ့၏။ သူက သစ်အယ်စေ့များကို ဆက်လက်စုဆောင်းရန် စီစဥ်ထား၏။

သစ်အယ်စေ့က အစေ့အဆံများထဲတွင် အတော်အတန်ကြီးပြီး အစိမ်းစားလျှင် ချိုမြိန်ကာတမူထူးသည့်အရသာရှိကာ ​လှော်လိုက်လျှင်အလွန် အရသာရှိလှ၏။ ထို့အပြင် သူက သစ်အယ်စေ့ကို အရမ်းအရမ်းကြိုက်ပါ၏။

သူမကြာမကြာသွားတတ်သည့် သစ်အယ်သီးပင်များရှိရာသို့ သွားကြည့်လိုက်တော့ မျောက်တစ်အုပ်က သစ်အယ်သီးပင်များကို မောင်ပိုင်စီးကာ သစ်အယ်သီးများကိုလည်းစားနေကြ၏။

ယနေ့မတိုင်မီက လေတွေ၊မိုးတွေတိုက်ခဲ့သည်ဖြစ်ရာ သစ်အယ်သီးအများအပြားက ကြွေကျနေ၏။ ရှုရှုကခြေထောက်မစူးစေရန်ဂရုတစိုက်လျှောက်သွားလိုက်၏။ ထိုမျောက်များက အမွှေးထူသဖြင့် အစူးဒဏ်ကိုမကြောက်ကြပေ။ သူတို့မြေကြီးပေါ် လူးလိမ့်လျှင်ပင် အဆင်ပြေနိုင်ကြ၏။

ရှုရှုက မျောက်များ၏ကိုယ်ပေါ်မှအမွှေးထူထူကို မနာလိုစွာကြည့်လိုက်ပြီးနောက် သူ၏ဖြူဥကာနူးညံ့သောလက်များကိုကြည့်ကာ သက်ပြင်းချလိုက်၏။ သူ၏လက်ရှိခန္ဓာကိုယ်ကအမှန်ပင် နုနယ်လှပြီး အထိအခိုက်မခံပေ။

သူအမွှေးလုံးလေးဖြစ်စဥ်က ဆောင်းရာသီရောက်လျှင်အအေးဒဏ်ကို အနည်းငယ်ခံစားခဲ့ရ၏။ ယခု သူ့ထံ၌အမွှေးမရှိတော့သည့်အတွက် ဆောင်းရာသီကို မည်သို့ဖြတ်သန်းရမည်ကို စဥ်းစားမိကာ ဝမ်းနည်းသွားရသည်။

ထိုမျောက်များက သစ်အယ်သီးစေ့များကို ပျော်ပျော်ရွှင်ရွှင်စားနေကြပြီး ရှုရှုကို အရေးမလုပ်ကြပေ။ ရှုရှုက သူတို့နှင့်သိပ်မဝေးသည့်နေရာလေးတွင် သစ်အယ်စေ့များကို ကောက်နေ၏။

သစ်အယ်သီး၏အပြင်အခွံက မြေပြင်ပေါ်ကျသည့်ဒဏ်ကြောင့် ပွင့်ဟနေပြီးသားဖြစ်နေလေရာ ရှုရှုကအားမကုန်ပဲ အထဲမှသစ်အယ်စေ့ကိုထုတ်ကာ သူ့ပါးစပ်ထဲသွပ်တော့၏။ သူ၏အစာသိုလှောင်အိတ်လေးထဲ အစေ့များများလာလေလေ သူ၏ခံစားချက်မှာ ပိုကောင်းလာပြီး သူ၏မျက်နှာလေးထက်တွင် အပြုံးတစ်ပွင့်ဖြစ်ထွန်းလာ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now