2.4K 626 15
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖
(Unicode)
 ရှုရှုကလှုပ်ရှားသည့်အသံကြောင့်နိုးလာပြီး ခေါင်းလေးပြူကာ ကြည့်လိုက်စဥ် မြွေကြီးက သူ့အားနီးနီးကပ်ကပ်ဖြင့် စိုက်ကြည့်နေသည်အား တွေ့လိုက်ရ၏။
ရှုရှုကချက်ချင်းပင် ခေါင်းလေးပုသွားပြီး ကျင်း၏အောက်ဘက်နားထိကပ်ကာ ပုန်းလိုက်၏။ တစ်ခနကြာပြီးမှ မြွေကြီးမှာ သူ့တပည့်လေးဖြစ်၍ကြောက်စရာမလိုကြောင်း ပြန်သတိရသွားလေ၏။ သူကကျင်းထဲမှခေါင်းပြန်ထောင်ကာ ရင်ထဲမှကြောက်ရွံ့နေသေးသော်လည်း စိတ်တိုသလိုဟန်ဆောင်ရင်း အော်ငေါက်လိုက်၏။ "ဟေး...ခင်ဗျား။ ဘာစိုက်ကြည့်နေတာလဲ။ ကျင်းပေါက်ကနေဖယ်စမ်း..။ ကျွန်တော်အပြင်ထွက်မလို့ကို..."
အက်ဂါက တိတ်တဆိတ်နောက်ဆုတ်ကာ လမ်းဖယ်ပေး၏။ ထိုအခါ သားရဲတစ်ပိုင်းလူသားငယ်လေးက ကျင်းလေးထဲမှခုန်ထွက်ကာ ပြေးသွားလေ၏။
တစ်ခဏပြေးသွားပြီးမှ ရှုရှုက ပြန်ပြေးလာကာ မြွေကြီးအား ဆွဲခေါ်ပြန်၏။ "ခင်ဗျား အိမ်ပြန်လိုက်ခဲ့"
ပြန်သွားရမယ်!! အက်ဂါ၏အမြီးကြီးက ပျော်ရွှင်စွာဝေ့ယမ်းသွားပြန်၏။ အမှန်တကယ်ဆိုရလျှင် အက်ဂါကရှုရှု့နှင့် မခွဲချင်ပေ။ သူကလည်းရက်အနည်းငယ်ခွဲနေကြည့်ရန်သာ ဆုံးဖြတ်ထား၏။ ယခုကျင့်ကြံခြင်းနည်းအား  ရုတ်တရက် သင်လိုက်ရပြီး သူ၏ဒဏ်ရာများမှာလုံးလုံးပြန်ကောင်းလာကာ ခွန်အားများလည်း ပြန်ရလာခဲ့၏။ ထို့အပြင် သားရဲတစ်ပိုင်းလူသားငယ်လေးဆီမှ ပညာယူချင်သေး၍ သားရဲတစ်ပိုင်းလူသားငယ်လေး၏ဂူဆိသို့ ကောက်ကောက်ပါအောင်လိုက်သွားတော့၏။
ရှုရှုက ဂူဆီပြန်ရောက်ရောက်ချင်း အက်ဂါအား ကျင့်ကြံခြင်းနှင့်ပတ်သက်သမျှအားလုံး ရှင်းပြလိုက်၏။
 "ခင်ဗျား...လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့ စွမ်းအားတွေ အများအများကြီး ကြီးလာမှာ။ နောက်ဆိုရင် ခင်ဗျားလည်း ကျွန်တော့်လို ဖြစ်လာနိုင်လိမ့်မယ်"
ရှုရှုက စကားတစ်​ကြောင်းကို မြွေကြီးနားလည်နိုင်မည့်စကားလုံးများ ပြောင်းသုံးကာ ဟိုလျှောက်လျှောက်၊သည်လျှောက်လျှောက်ဖြင့် အကြိမ်ကြိမ်အခါခါရှင်းပြ၏။ ထို့အပြင် မြွေကြီးနားမလည်မည်ဆိုး၍ လက်ဟန်ခြေဟန်ကိုပါ ​သုံးပြနေ၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now