🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

6.3K 737 65
                                    

🐹💸စျေးဝယ်သွားမယ်💸🐹

(Unicode)

အက်ဂါက အဝတ်များကိုဝတ်ဆင်လိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံးလောင်မြိုက်နေသလိုခံစားနေရ၏။

 သူတကယ်ပဲ သားရဲတစ်ပိုင်းလူသားလေးကို သူ့ရဲ့...သူ့ရဲ့..ဟာကိုကြည့်ခွင့်ပြုခဲ့မိတယ်တဲ့....။

 ထားပါတော့....သားရဲလူသားတိုင်း သားရဲအသွင်နဲ့ဆိုရင် ကိုယ်တုံးလုံးပဲဥစ္စာ။ ဒါကြောင့် သူတို့ရဲ့တံတံကို အလွယ်တကူမြင်နိုင်ကြသေးတာပဲ။ ဒါပေမဲ့ မြွေသားရဲလူသားတွေရဲ့ တံတံကတော့ ကိုယ်ထဲမှာ နစ်မြှုပ်ပြီး မမြင်ရဘူး...။ အက်ဂါက တစ်ခါမျှ သူ၏ပစ္စည်းကို  သားရဲတစ်ပိုင်းလူသားများရှေ့တစ်ခါမှမပြခဲ့ဖူးသလို သူ၏သားရဲတစ်ပိုင်းလူသားဖခင်ဖြစ်သော တော်ဝင်ကြင်ယာတော်ပင် အက်ဂါ၏ပစ္စည်းကို မမြင်ဖူးချေ။

 ဒါပေမဲ့ အခုတော့ သားရဲတစ်ပိုင်းလူသားလေးက ထိတောင်ထိလိုက်သေးတယ်။

 အက်ဂါ၏တစ်နေရာမှာ ကျောက်တုံးလေးလို မာကြောသွားပြန်သည်။ သူက လူသားအသွင်ပြောင်းပြီးပြီဖြစ်သော်လည်း ပူလောင်ကာ ဆန္ဒပြင်းပြနေဆဲ ညီလေးက အခုထိအခြေအနေမကောင်းသေးပေ။

 အက်ဂါက အတွေးယာဥ်ထဲနစ်မြောနေစဥ် အကြောင်းအရာတစ်ခုကိုသတိရသွားလေသည်။ သားရဲတစ်ပိုင်းလူသားငယ်လေး​က သူ့ပစ္စည်းကို ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်တယ်မလားး။

 အသားစားနို့တိုက်သည့်သားရဲအသွင်ရှိသော သားရဲလူသားများမှာ ၎င်းတို့၏ ရွှေဥများ​ကြောင့် သားရဲတစ်ပိုင်းလူသားများ၏ အာရုံစိုက်မှုကိုရရှိကြလေသည်။ ၎င်းဥများကို ကစားခြင်းသည့် အကြံဉာဏ်နှင့် လှည့်ကွက်များကို အဖွဲ့အစည်းတစ်ခုပင်ဖွဲ့ကာ ဗွင်းဗွင်းရှင်းရှင်းပြောပြသည့် သားရဲတစ်ပိုင်းလူသားတစ်ယောက်ပင်ရှိခဲ့သေး၏။ သို့သော်လည်း မြွေသားရဲလူသားများနှင့်ပတ်သက်၍ မည်သူမှ ၎င်းတို့၏ ပစ္စည်းများက ချစ်ဖို့ကောင်းသည်ဟု မပြောဖူးကြသလို အချို့သားရဲတစ်ပိုင်းလူသားများက အေးတိအေးစက်မြွေသားရဲအသွင်ကိုမနှစ်မြို့ကြ၍ ဝေးဝေးကပင်ရှောင်တတ်ကြ၏။

You've reached the end of published parts.

⏰ Last updated: Sep 29, 2021 ⏰

Add this story to your Library to get notified about new parts!

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now