2.5K 603 9
(Unicode)
မြွေကြီးက သူ၏'ဧည့်ခန်း'ကို အပိုင်စီးကာ အိပ်နေ၍ မြွေကျင်းထဲတွင် မည်သူမျှမရှိပေ။ ထို့ကြောင့် ရှုရှုလုံးဝမကြောက်မိပေ။
ရှုရှုက ကျင်းပေါက်ကိုအနည်းငယ်ကျယ်အောင် ချဲ့လိုက်ပြီး ကြည့်လိုက်ရာ ချက်ချင်းပင် စိတ်ပျက်သွားရ၏။
မြွေကြီး၏ကျင်းမှာ အမှန်ပင်ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးဝါးလှ၏။
ရှုရှုနေသော ဂူကျင်းလေးမှာ သူကိုယ်တိုင်တူးထားခြင်းဖြစ်၏။ သူက ဟမ်းစတားလေးအဖြစ်နှစ်ပေါင်းရာချီ ရှင်သန်ခဲ့ပြီး တောထဲကျင်လည်ကျက်စားဖူးကာ သူ၏တွင်းတူးစကေးက ကျွမ်းကျင်လှ၏။ မိုးရွာလျှင်ပင် သူ၏ကျင်းမှာ စိုထိုင်းနေမည်မဟုတ်ပေ။ သို့သော်လည်းးးး.....
ဤနေရာမှာ တောင်ကုန်းလေးပေါ်ရှိ အက်ကြောင်းနေရာဖြစ်ပြီး မြွေကြီးက သူ၏အသိုက်အဖြစ်နေဟန်ရှိ၏။ ဤအက်ကြောင်းမှာလည်း နှစ်ပေါင်းများစွာတည်ရှိခဲ့ဟန်ရှိပြီး ရေများစိမ့်ဝင်နေ၏။ သို့မဟုတ်လျှင်...ရေများ၏တိုက်စားမှုကြောင့် ဤအက်ကွဲကြောင်းဖြစ်လာဟန်ရှိကာ စိုထိုင်းနေလေ၏။
စိုစွတ်သည့်ပတ်ဝန်းကျင်တွင် ဘတ်တီးရီးယားပေါင်းစုံရှင်သန်ပေါက်ဖွားပြီး အနံ့အသက်ကလည်း ဆိုးဝါးနေ၏။ ဂူ၏နံရံတွင်ရေညှိများ ပေါက်နေပြီး ကင်းခြေများနှင့် အခြားပိုးမွှားအသေးလေးများက အက်ကွဲကြောင်းကြားဂူနံရံတွင် သွားလာနေကြ၏။ မြွေကြီးက...ဒီနေရာမှာတကယ်ကြီးနေတာပေါ့လေ။
ရှုရှုက သူတူးထားသောကျင်းထဲမှထွက်လိုက်၏။ တစ်ညလုံးကျင်းတူးထား၍ သူ၏လက်သည်းများမှာ နာ​ကျင်တောင့်တင်းနေပြီး ခြေထောက်များလည်းကျင်နေ၏။ ရှုရှု၏မျက်နှာထက်တွင် မနှစ်မြို့သည့်အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ဂူတစ်ခုလုံးကြည့်လိုက်၏။
ချက်ချင်းဆိုသလို မြွေကြီးအားလည်း သနားမိသွား၏။ မြွေကြီးက အလွန်သန်မာသော်လည်း ဤကဲ့သို့နေရာတွင်သာနေရ၏။ သူတောင် မြွေကြီးထက် ကောင်းကောင်းနေရသေးတယ်။
မြွေကြီးဂူအဖြစ်အသုံးပြုသော အက်ကြောင်းကြီးက ရှုရှုဂူကျင်းထဲမှ'ဧည့်ခန်း' နှင့်ယှဥ်လျှင်ပင် ပို၍သေးငယ်လေသည်။ ထိုဂူထဲ ရှုရှုမှာ ခါးကုန်း၍သာဝင်၍ရလေသည်။ သူခြေလှမ်းအနည်းငယ်သာလှမ်းရသေးသော်လည်း မြွေကြီး၏အကြေးခွံတစ်ချို့အား တွေ့လိုက်ရ၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now