🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2

3.5K 681 31
                                    

🐹ဟမ်းစတားလေးရှုရှု🐹-2

(Unicode)

ဟမ်းစတားအားလုံးလိုလိုပင် ဘဝကိုထိုသို့ဖြတ်သန်းကြ၏။ သူ၏ ညီလေး၊ညီမလေးများ အရွယ်ရောက်လာပြီး သူ၏ဟမ်းစတားဖေဖေကြီးကလည်း သူ၏ဇနီးဟမ်းစတားမေမေကြီးအနားမကပ်စေရန် ရှုရှုတို့အား အစွယ်ဖြဲ၍မောင်းထုတ်ခဲ့ဖူးသည်။ ထိုတစ်ခဏတွင် ရှုရှုက ဘဝကိုသာမန်အတိုင်းဖြတ်သန်း၍မဖြစ်တော့သလို ခံစားမိလိုက်၏။

ထို့ကြောင့် ဟမ်းစတားအမတစ်ကောင်ကိုရှာ၍ ကြွက်ပေါက်တွေကိုမွေးမည့်အစား ရှုရှုကစတင်ကျင့်ကြံတော့၏။

ဟမ်းစတားတစ်ကောင်၏ သက်တမ်းမှာ တစ်နှစ်ကျော်ကျော်သာရှိ၏။ သူက ကျင့်ကြံနေပြီး သူ၏ဘေးရှိ ဟမ်းစတားတိုင်းမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းနေခဲ့၏။ တစ်ခါတစ်ရံ ရှုရှုက ရင်းနှီးနေသည့်ပုံစံရှိသောဟမ်းစတားလေးကိုတွေ့၍ နှုတ်ဆက်လိုသော်လည်း ထိုသူ၏အနံ့မှာ သူရင်းနှီးသည့်အနံ့မဟုတ်ချေ။ ​သေချာတွက်ချက်ကြည့်လျှင် ထိုဟမ်းစတားလေးမှာ ရှုရှုအားး ဘိုးဘေးဘီဘင်ရဲ့ဘိုးအေကြီးဟုပင်ခေါ်ရမည့်ကိန်းဖြစ်နေသည်။

ဟမ်းစတားတစ်ကောင်၏ နေ့စဥ်ဘဝမှာလုံးဝမလွယ်ကူချေ။ သူတို့၏ လက်သည်းချွန်ချွန်လေးများနှင့် သေးငယ်သည့်ပိုးမွှားများအား ခြစ်ကုတ်၍ရသော်လည်း ကြောင်၊လင်းယုန်၊ဇီးကွက်စသည့် အခြားသောအကောင်များအတွက်မူ သူတို့မှာ ဗိုက်ဝစေသည့်ဟင်းပွဲလေးသာဖြစ်လေသည်။

သူတို့အတွက်အဆိုးဆုံးမှာ မြွေဆိုသော အကောင်ကြီးများဖြစ်လေသည်။

အခြားအကောင်များဆိုလျှင် ပြေး၍လွတ်မြောက်နိုင်သော်လည်း မြွေဆိုသည့် အကောင်ဆိုးများက သူတို့၏တွင်းထဲသို့လျှောဝင်ကာ လိုက်ဖမ်းတတ်၏။

မကြာခဏဆိုသလို ဤကဲ့သို့ကြုံရတတ်ပြီး အိပ်ပျော်နေစဉ် မြွေတစ်ကောင်၏ရှေ့သို့ရောက်နေတတ်ပြီး ထိုမြွေက သူ့အားမြိုချရန်ပါးစပ်ကြီးဟနေသည်ဟု ခဏခဏ အိပ်မက်မက်လေသည်။ ထို့ကြောင့် မြွေဆိုသည်မှာ သူအမုန်းဆုံးနှင့် အကြောက်ဆုံးအကောင်ဖြစ်လာ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now