🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍

2.4K 579 8
                                    


ထိုလူကြီးကမြွေကြီးတဲ့လား-1

(Unicode)

နောက်တစ်နေ့ ထင်းအပုံလိုက်ကို လက်ခံရရှိသော ရှုရှုက ထင်းများအပေါ်မှရင်းနှီးနေသော ကိုယ်အနံ့ကိုရှုသွင်းလိုက်၏။ သူကသစ်မြစ်မီးကင်ကို လက်ဆောင်အဖြစ် ပြန်ထားပေးလိုက်၏။ ထို့နောက် မြက်ကြိုးကိုယူကာ နူးညံ့သည့်​မြက်အရှာထွက်တော့၏။

ရှုရှုကဂူထဲ ကျင်းသုံးကျင်းထပ်တူးထားပြီး နှစ်ကျင်းအား အစာသိုလှောင်ကာ ကျန်တစ်ကျင်းထဲအား သူနေထိုင်ရန်လု​ပ်ထား၏။

သူနေမည့်ကျင်းမှာ သိပ်မကြီးပေ။ ထိုကျင်းထဲဝင်လိုလျှင်လေးဘက်ထောက်ပြီးမှ ဝင်နိုင်ပြီး ရှုရှုက သဘောကျ၏။

ကျင်းများတူးပြီးတော့ရှုရှုက မီးအပူကိုသုံးကာ တစ်ကျင်းစီရက်အနည်းငယ်ကြာအောင် မီးဖုတ်ထားလိုက်၏။ ယခုသူက ဂူကျင်းတစ်ခုလုံး မြက်များအပြည့်ဖြည့်ထားရမည်လားဟုစဉ်းစားနေလေ၏။ ဆောင်းရာသီ၌ မြက်ပုံထဲတိုးနေပါက အလွန်နွေးထွေးနေမည်မှာသေချာသည်။

ရှုရှုက မြက်ပင်၊ပေါင်းပင်များကို ဟိုဟိုဒီဒီသွားကာ စုဆောင်းလိုက်၏။ မကြာမီပင် သူကမြက်ပင်အများအပြားကို စုဆောင်းမိသွားလေသည်။ ဤမြက်အများစုမှာ မခြောက်သွေ့သေးသော်လည်း နေပူထဲနှစ်ရက်ခန့်ထားလိုက်ပါက ခြောက်သွေ့သွားလိမ့်မည်။

အနီးအနားတွင် ဝါဂွမ်းပင်တစ်ပင်မှမရှိပေ။ ရှုရှုကသူ၏ဂူတစ်ခုလုံး ဝါဂွမ်းအပြည့်ထည့်နိုင်လျှင် ပို၍အဆင်ပြေမည်ဟုတွေးမိလေသည်။

ထိုသို့တွေးမိပြန်တော့ ရှုရှုမှာ လူ့အဖွဲ့အစည်းအားတစ်ဖန် ပြန်၍တောင့်တနေမိသည်။ ဝါဂွမ်းမှာ လူသားများအတွက် အလွန်စျေးသက်သာလှ၏။ ယခင်က သူ၏ပိုင်ရှင်မှာ ရှုရှု့လှောင်အိမ်ကို ရက်အနည်းငယ်တိုင်း သန့်ရှင်းရေးပြုလုပ်ပေးခဲ့ပြီး ထိုသို့လုပ်တိုင်း ပိုင်ရှင်က ရှုရှု၏အသိုက်ကလေးဖြစ်သော ဂွမ်းစလေးအား အသစ်လဲလှယ်ပေးလေ့ရှိ၏။

အခု ဂွမ်းစတွေအများတွေလိုချင်လိုက်တာ။

စိမ်းလန်းစိုပြေနေသော တောအုပ်ကြီးအား ဝေ့ဝိုက်ကြည့်ကာ ရှုရှုသက်ပြင်းချလိုက်​ပြီး ပေါင်းပင်၊မြက်ပင်များကို ဆက်၍ စုဆောင်းနေလိုက်သည်။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now