2.9K 630 16
တစ်ယောက်ယောက်က ကြက်လာပို့သွားတယ်
(Unicode)
ရာသီဥတုအေးနေလေတော့ ဤအကြိမ်တွင် ရှုရှုက မြက်စကပ်ကိုရှည်ရှည်ရက်ထား၏။ ထို့နောက် မြက်ခြုံစောင်တစ်ထည်ပါ ရက်ထားလိုက်၏။
ရှုရှုက မြက်စောင်လေးကို စိတ်အေးလက်အေးဖြင့်ခြုံကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် ရှုရှုက သူ၏ရင်ဘတ်ပတ်လည်ကိုပါ မြက်စကပ်ဖြင့်ကာရန်စိတ်ကူးရလိုက်၏။ သို့မှသာ သူ့တစ်ကိုယ်လုံးအား အအေးဒဏ်မှကောင်းကောင်း ကာကွယ်နိုင်ပေမည်။ ယခု မြက်ခြုံစောင်ရှိပေမဲ့ မြက်စောင်မှာလည်း ချို့ယွင်းချက်အနည်းငယ်ရှိနေသည်။ အခြောက်ခံထားသောမြက်ကိုပုံကာ အိပ်ယာအဖြစ်သုံးစဥ်က ထိုမြက်ခြောက်များမှာ အလွန်နူးညံ့ပုံရ၏။ သို့သော် စောင်အဖြစ်ရက်လိုက်တော့ နည်းနည်းစူးသလိုလိုနှင့် နေမထိထိုင်မသာဖြစ်ရ၏။
ယခင်ဟမ်းစတားလေးတုန်းက သူ့ထံ၌အမွှေးပွပွလေးများရှိသဖြင့် စူးသည့်ခံစားချက်ကို လုံးဝမကြောက်ချေ။ ယခုတော့ သူ့ကိုယ်ပေါ်မှ မြက်စကပ်ကပင် သူ့အားစူးစေ၏။ ကံကောင်းစွာပင် သူကပျော့တိပျော့ဖတ်ကလေးမဟုတ်လေတော့ သူသည်းခံနိုင်ပေ၏။
မြက်စောင်လေး လုပ်ပြီးတော့ နေ့လည်ခင်းပင်ကျော်နေချေပြီ။ ရှုရှုက ဂူအပေါက်ကိုဖွင့်ကာ အပြင်ထွက်ဖို့ပြင်တော့၏။ သို့သော် အပြင်မှာ မိုးများကျနေဆဲဖြစ်ကြောင်း မထင်မှတ်ပဲသိလိုက်ရ၏။ မိုးမှာ ပို၍ပင် သည်းလာချေပြီ။
မိုးကလည်း သည်းလိုက်တာ.....
လွန်ခဲ့သောနှစ်လအတွင်း မိုးခဏခဏရွာသည်ကို ကြုံခဲ့ဖူး၏။ ရှုရှုကအထဲပြန်ဝင်ကာ ဂူပေါက်လေးတွင် အပြင်၏အခြေအနေကိုကြည့်ရှုနိုင်ရန် နောက်ထပ် အပေါက်ငယ်လေးဖောက်လိုက်၏။
မိုးမှာ ဖွဲဖွဲလေးကျလိုက်၊ သည်းလိုက်နှင့် မပြတ်ချေ။ မိုးကြောင့် လေထုမှာလည်း အေးစက်လာသည့်အတွက် ရှုရှုမှာပူပင်သောကရောက်ကာ ဗျာများနေရတော့သည်။
မိုးကရပ်မည့်ပုံမပေါ်ချေ။ အကယ်၍ ဤအတိုင်းသာဆက်ဖြစ်နေပါက သူအစာထွက်ရှာနိုင်တော့မည်မဟုတ်ပေ။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now