🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆

2.2K 551 7
                                    

🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆

တော်ဝင်မိသားစု၏အပုပ်သတင်းက အချိန်တိုလေးအတွင်း ပျံ့နှံ့လာလေသည်။ စတားကွန်ရက်တွင် အနိုင်ကျင့်ခံရသူသားရဲတစ်ပိုင်း လူသားလေး၏ မျက်ရည်လည်ရွဲ မကျေမနပ် ပြောပြချက်များလည်း ပျံ့နှံ့လာ၏။ ထိုအချိန် တစ်စုံတစ်ယောက်က စတားကွန်ရက်ပေါ်သို့ စစ်တပ်ထဲတွင် အက်ဂါက အသစ်ရောက်သည့်တပ်သားများကို မာနကြီးကာ မတူမတန်ဟန်ဖြင့်ပြောဆိုကာ အနိုင်ကျင့်အပြစ်ပေးနေသည်ဟု သက်သေဗီဒီယိုနှင့်တကွ တင်လာပြန်သည်။ ထို့အပြင် အိမ်ရှေ့စံမင်းသားက သားရဲတစ်ပိုင်းလူသားများစွာကို ဆော့ကစားပြီး သူ၏ထူးချွန်သောအတန်းဖော်များအား ချောက်ချတတ်သည်ဟု တစ်ယောက်က တင်လာပြန်သည်။ ဤသို့ဖြင့် လူတစ်စုက စတားကွန်ရက်တွင် အက်ဂါ၏မကောင်းသတင်းများကို သက်သေနှင့်တကွ တစ်ဦးစီချပြလာကာ ပေါ်တင်ဆန့်ကျင်ကြ​တော့၏။

 တင်ပြလာသူများတွင် အက်ဂါ၏ဆော့ကစားခြင်းကို ခံခဲ့ရသည့် သားရဲတစ်ပိုင်းလူသားများ၊ အနိုင်ကျင့်ကာအရှက်ခွဲခံရသည့် တပ်သားအသစ်နှင့် အက်ဂါချောက်ချခြင်းကိုခံခဲ့ရသူဟု ပြောသောအတန်းဖော်တို့ ​ပါဝင်လေသည်။ ထိုသတင်းတင်သူများ၏ နာမည်နှင့် သက်သေများက အမှန်အကန်ဖြစ်နေ၏။ တစ်ချိန်က လူတိုင်း လေးစားချစ်ခင်ခဲ့ရသည့် အိမ်ရှေ့စံမင်းသားမှာ ယခုတွင် လူတိုင်း၏တံတွေးခွက်ဖြစ်သွားတော့၏။

........

"အိမ်ရှေ့စံက အဲ့လိုလူမျိုးလို့ ငါထင်တောင်မထင်ခဲ့ဘူး။ တကယ့်ကို စိတ်ပျက်စရာပဲ"

 "ဟေးဟို​လူ..... သူ့ကိုအိမ်ရှေ့စံလို့ခေါ်နေတုန်းပဲလား။ သူ့လိုလူမျိုးက အိမ်ရှေ့စံမင်းသားဖြစ်ဖို့မထိုက်တန်ဘူးကွ..."

"သူ့ရဲ့ အရာရာပြည့်စုံနေတဲ့ပုံရိပ်ကိုလည်း တော်ဝင်မိသားစုက လီဆယ်လုပ်ထားတာနေမှာ"

 "သူသာ တကယ်ပဲ ကြယ်ရှစ်ပွင့်သားရဲလူသားဆိုရင်... သားရဲကောင်လေးနည်းနည်းအဝိုင်းခံရတာနဲ့ သူရဲ့အမြုတေပျက်စီးသွားပါ့မလား။ ကြယ်ရှစ်ပွင့်အဆင့်ဆိုတာလဲ လုပ်ကြံပြောထားတာပဲနေမယ်"

.........

စတားကွန်ရက်တွင် အက်ဂါကို ရွံစရာသတ္တဝါလိုဝေဖန်ပြောဆိုနေသည့် မှတ်ချက်များစွာတက်လာလေသည်။ အက်ဂါအား ကာကွယ်ပြောဆိုပေးသည့် လူအချို့ရှိသော်လည်း ခိုင်လုံသော သက်သေဗီဒီယိုများကြား သူတို့၏ ကာကွယ်ပေးမှုမှာ အရာမထင်တော့ချေ။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now