👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑

2.3K 556 12
                                    

👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑

(Unicode)

ထိုသားရဲတစ်ပိုင်းလူသားလေးက လှပသော်လည်း ယခုတော့ ဘီးတပ်ကုလားထိုင်တွင် မျက်ရည်များဝဲလျက် အားနည်းစွာထိုင်နေရ၏။ သို့သော်လည်း စင်မြင့်ပေါ်မှ အင်ပါယာဘုရင်အား အားနည်းဟန်တစ်ချက်မှမပြပဲ မျက်လုံးချင်းဆုံကြည့်နေ၏။

သူ၏အားနည်းသောအသွင်အပြင်၏ အောက်တွင် ခိုင်မာသောနှလုံးသားတစ်စုံရှိနေဟန်ပေါ်လွင်စေသည်။ ထိုကောင်လေး၏ မတူညီသောအသွင်အပြင် ဟပ်စပ်မှုက သူ့အားပို၍ထင်ပေါ်လာစေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော သားရဲလူသားများက ဒေါသထွက်ကာ ပေါက်ကွဲနေကြပြီး သားရဲတစ်ပိုင်းလူသားများက ထိုသူ၏ ကြေကွဲဖွယ်အတွေ့အကြုံများကို စာနာသနားမိကာ မျက်ရည်များစီးကျနေကြလေသည်။

 "မဟုတ်ဘူး...." ခရစ်က တုံ့ဆိုင်းမှုမရှိ ငြင်းပယ်လိုက်၏။

 "ဒါဆိုသူက ဘယ်သူလဲ။ ခင်ဗျားကာကွယ်ပေးနေတဲ့ အဲ့ဒီလူယုတ်မာက ဘယ်သူလဲလို့။ ကျွန်တော် ရဲတွေကိုလည်းခေါ်ထားခဲ့တယ်...ဒါပေမဲ့ဘာကြောင့်မို့ သူကလွတ်မြောက်သွားရတာလဲ" ဘီးတပ်ကုလားထိုင်ပေါ်မှ သားရဲတစ်ပိုင်းလူသားလေးက ဒေါသကြောင့်တုန်ယင်နေလေသည်။ သူက လက်သီးကိုတင်းတင်းဆုပ်ကာ ခရစ်အား မော့၍ရင်ဆိုင်လိုက်စဥ် သွယ်လျပြီး ဆွဲမက်ဖွယ်ကောင်းသော လည်တိုင်လေးပေါ်လာလေသည်။ "အက်ဂါကဘယ်မှာလဲ...။ သူသာမဟုတ်ရင် ဘာကြောင့်မို့ သူကိုယ်တိုင်လာပြီးမငြင်းရတာလဲ"

သားရဲတစ်ပိုင်းလူသားက ထိုသို့ပြောရင်း မျက်ရည်များကျလာ၏။ ခရစ်က ထိုသူ့ကြောင့် မျက်မှောင်ကြုတ်မိလိုက်လေသည်။

ဤအားနည်းဟန်ပေါ်သော သားရဲတစ်ပိုင်းလူသားက သူ့အားလာတွေ့ပြီးမေးခွန်းထုတ်လိမ့်မည်ဟု ခရစ်လုံးသမထင်ထားပေ။ ယခုတော့ ထိုသားရဲတစ်ပိုင်းလူသားကြောင့် ပြဿနာက ပိုရှင်းရခက်သွားလေသည်။

 အက်ဂါကလည်း အဆင့်ကျသားရဲဖြစ်သွားခဲ့၍ လာပြီးဖြေရှင်းချက်မပေးနိုင်တော့ပေ။

 အကယ်၍ အက်ဂါသာ သားရဲပုံစံဖြင့် ဂတ်စ်ဂြိုဟ်မှလာကာ ဖြေရှင်းချက်ပေးလျှင်ပင် သားရဲလူသားတိုင်း သားရဲတစ်ပိုင်းလူသားလေးအား အနိုင်ကျင့်ခဲ့သူမှာ အက်ဂါဟု ခိုင်မာစွာပြောကြတော့မည်။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now