🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး

2.5K 560 19
                                    

(Unicode)

မမျှော်လင့်ပဲ မြွေကြီးက ဖားများကိုမစား၍ ရှုရှုက ရှုပ်ထွေးစွာကြည့်လိုက်၏။ အချိန်အနည်းငယ်ကြာ တွေးတောလိုက်ပြီးမှ မြွေကြီးမှာ ဖားများကိုလိုက်မဖမ်းနိုင်၍ မစားခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်လေသည်။

မြွေကြီးမှာ ဒဏ်ရာအပြင်းအထန်ခံစားနေရပြီး လိုက်မဖမ်းနိုင်လောက်ပေ။ ဟုတ်သားပဲ..သူလဲမေးဖို့မေ့နေတာပဲ။ မြွေကြီးက သူမေးခဲ့သမျှအမြီးလေးဖြင့်သာထိုးပြ၍ အမြီးလေးပဲလှုပ်နိုင်တာလား မသိဘူး။

ရှုရှုက မြွေကြီးအား စာနာသလိုကြည့်ကာ ဖားများကိုကောက်ပြီး ခြေထောက်များချိုးပေးလိုက်ကာ မြွေကြီးပါးစပ်အနားပစ်ချပေးလိုက်၏။

"မြွေကြီးက...ဖားကို....စားတယ်"

အက်ဂါက ချွဲကျိကျိဖားများ သူ၏ခေါင်းနားရုန်းကန်နေသည်ကို ကြည့်ရုံသာကြည့်လိုက်ပြီးနောက် ထိုဖားများနှင့် ဝေးရာဆီသွားလိုက်၏။

အက်ဂါ၏အပြုအမူကြောင့် ရှုရှုကြောက်ရပြန်သည်။ သူက နောက်ကိုဆုတ်မိသွားကာ ဂူနံရံကိုမှီလိုက်ပြီးမှ မြွေကြီးမှာ ဖားများနှင့်ဝေးရာဆီသွားနေကြောင်း သိသွားရသည်။ မြွေကြီးမှ တိုက်ခိုက်လိုက်ခြင်းမဟုတ်ကြောင်း သိလိုက်ရ၍ စိတ်အေးရပြန်၏။

သို့သော်လည်း...ကိုယ့်တပည့်လှုပ်လိုက်တိုင်း ကြောက်ရွံ့နေရလျှင် ရှုရှုသိက္ခာကျပေလိမ့်မည်။

ထို့ကြောင့် ရှုရှုက တစ်ခုခုယူလိုက်သလို ဟန်ဆောင်လိုက်၏။ သူ၏ခြေထောက်နားမှာ ဖားအားဖမ်းကာ မြွေကြီးကိုပြောရင်း ကိုယ့်ကိုယ်ကိုယ်စိတ်အေးအေးထားရန် သတိပေးနေလေသည်။

"အာ...ခင်ဗျားက....ဖားမစားဘူးပေါ့..။ ဒါဆို ဘာလို့မစားရတာလဲဟင်"

"အစားဂျီးများတာက မကောင်းဘူးဗျ။ ခင်​ဗျားကို ပြုစုပျိုးထောင်ရတာ တကယ့်ကိုအလုပ်ရှုပ်တာပဲ...ခင်ဗျားသိလား"

"ဘာပဲဖြစ်ဖြစ်... ကျွန်တော်လဲ တခြားအကောင်မဖမ်းတတ်ဘူး။ ဖားဖမ်းတတ်တာကပဲ တော်တော်ကောင်းနေပြီလေ။ ခင်ဗျားကို ဘာတွေများစားချင်သေးတာတုန်း....အမ်"

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now