2.2K 624 47
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍
(Unicode)
ဂျေရက်ကအလွန်စိတ်ရှည်သောသူဖြစ်ပြီး ရှုရှုနှင့်စကားအတူပြောပေးနေလေသည်။ ရှုရှုက သူ၏မှတ်ဉာဏ်ကောင်းသည့် ခေါင်းလေးထဲမှ စကားလုံးများကို အိတ်သွန်ဖာမှောက်ပြောရင်း ပြောရင်းဖြင့် စကားကြောင်းများက အဆင်ပြေချောမွေ့လာပြီး..နှစ်နှစ်သားကလေးငယ်တစ်ယောက်ကဲ့သို့ တီတီတာတာပြောနိုင်ပြီဖြစ်၏။
နှစ်နှစ်သားကလေးငယ်လေးက ဝေါဟာရများစွာမသိရှိသကဲ့သို့ ရှုရှုနားမလည်သည့်စကားလုံးများစွာလည်း ရှိသေး၏။ သို့သော် ရှုရှုက အရာရာအဆင်ပြေမည်ဟု ယုံကြည်ချက်ရှိလေသည်။ သူကဟမ်းစတားလေးဘဝတွင် စကားမပြောဖူးသော်လည်း လူသားများစကားပြောသည့်အခါ နားထောင်ပြီး သူကိုယ်တိုင်ကလည်း ဉာဏ်ကောင်းသည့်ဟမ်းစတားလေးဖြစ်လေရာ လူသားအဖြစ်ပြောင်းပြီးပြီးချင်း စကားပြောတတ်ခဲ့၏။ ထို့ကြောင့် ဤနေရာမှ ဘာသာစကားကိုလည်း သူကောင်းကောင်းတတ်မြောက်နိုင်လိမ့်မည်။
ရှုရှုက သူ့ကိုယ်သူအလွန်ယုံကြည်ချက်ရှိလေသည်။ (ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဆိုးဟိုက်🤣)
ဂျွန်းက အက်ဂါကိုလာရှာစဥ် ရှုရှုနှင့်ဂျေရက်မှာ စကားပြောနေကြ၏။ အွန်းးးစကားပြောခြင်းထက်..မူကြိုကလေးလေးတွေ တီတီတာတာလျှောက်ပြောနေသလိုလေး....။
"ကောင်းသောနံနက်ခင်းပါ....ကလေးလေး" ဂျွန်းက သားရဲတစ်ပိုင်းလူသားငယ်လေးအား ဂရုတစိုက်လေ့လာရင်း အပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။ ထိုအကောင်ငယ်လေးက အလွန်တက်ကြွနေပြီး မနေ့ညကကောင်းကောင်း အိပ်စက်အနားယူထားဟန်တူ၏။ ထို့အပြင် ထိုကလေးငယ်က ပတ်ဝန်းကျင်နှင့် လျင်မြန်စွာအသားကျလွယ်သေး၏။ တကယ့်ကိုအဖိုးတန်ကလေးလေး...!!
အမှန်မှာ သားရဲတစ်ပိုင်းလူသားငယ်လေး၏ လက်ရှိအခြေအနေအရ ထိုကလေးလေးတစ်​ယောက်တည်း နေရန်မသင့်တော်ပေ။ ငယ်ရွယ်သော သားရဲတစ်ပိုင်းလူသားလေးဖြစ်၍ အခြားသားရဲတစ်ပိုင်းလူသားတစ်ဦးဦးနှင့် မိသားစုကဲ့သို့အတူတူနေခြင်းက အကောင်းဆုံးဖြစ်၏။ သို့သော် အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေးနှင့်အတူတူနေလိုကြောင်း တောင်းဆိုခဲ့၍ ဂျွန်းလဲ လက်ခံပေးခဲ့ခြင်းဖြစ်၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now