🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1

3.2K 647 3
                                    

အဆင့်ကျသားရဲ အက်ဂါ-1
(unicode)

ရှုရှုက သစ်ကိုင်းပေါ်ရပ်ကာ အပင်ပေါ်မှအသီးများကိုခူးနေ၏။

ရှုရှုက သစ်အယ်သီး၏အပြင်ဘက်အခွံကိုခွာလိုက်ပြီး ပင်ပေါင်ဘောလုံးအရွယ်ရှိသစ်အယ်သီးအား ပါးစပ်ထဲသို့ မြန်မြန်သွပ်လိုက်၏။ နောက်တစ်လုံး...နောက်တစ်လုံး....ဤသို့ဖြင့် တစ်လုံးပြီးတစ်လုံးပါးစပ်ထဲသို့ထည့်နေ၏။ သူ၏ပါးစပ်မှာအဆုံးမရှိသောတွင်းကြီးကဲ့သို့ဖြစ်နေပြီး မျက်စိတမှိတ်စာအတွင်း သစ်အယ်သီးဆယ်လုံးအားပါးစပ်ထဲသို့ ထည့်သွပ်ထားပြီးဖြစ်၏။

ဤသည်အား ရှုရှုကဲ့သို့ဟမ်းစတားတိုင်း၏ သဘာဝကျွမ်းကျင်မှုဖြစ်၏။

ဟမ်းစတားတိုင်းသူတို့၏ ပါးဖောင်းဖောင်းလေးနေရာ၌ အစာသိုလှောင်သည့်အိတ်ကလေးရှိလေသည်။

သာမန်ဟမ်းစတားလေးဖြစ်နေစဥ်ကတည်းက ထိုအစာသိုလှောင်အိတ်လေးထဲသို့ အစာများစွာထည့်နိုင်၏။ နောက်ပိုင်း သူကျင့်ကြံလာသည်နှင့်အမျှ ထိုနေရာလေးမှာပိုမိုကျယ်ပြန့်လာပြီး များပြားလှသောအရာများကိုထည့်ထားနိုင်လာ၏။ ထိုအထဲရှိ ပစ္စည်းများအား အပြင်မှမြင်တွေ့ရနိုင်မည်မဟုတ်သလို ရှုရှုကိုယ်၌ကလည်း ထိုပစ္စည်းတို့၏ အလေးချိန်အားသူ၏ကိုယ်ပေါ်တွင် မခံစားမိပေ။

ယခုဆိုလျှင် သူ၏အစာသိုလှောင်အိမ်ထဲတွင် သစ်စေ့အလုံးတစ်ရာကျော်ထည့်သွင်းသိုလှောင်ထားပြီး ဖြစ်၏။

ရှုရှုက သစ်အယ်သီးများကို ပါးစပ်ထဲ အဆက်မပြတ်သွပ်နေဆဲပင်။ သူက စွမ်းအားကိုမသုံးနိုင်သော်လည်း သူ၏သဘာဝစွမ်းရည်ဖြစ်သော အစာသိုလှောင်ခြင်းမှာ ရှိနေဆဲဖြစ်၍ အစာသိုလှောင်အိတ်ကလေးအား အကျိုးရှိအောင်အသုံးချပစ်လိုက်၏။ နောက်ဆုံး သစ်အယ်သီးစေ့များလုံလုံလောက်လောက် စုဆောင်းပြီးသွားလေပြီ။

ဟိုးထိပ်မှာ သစ်အယ်သီးစေ့တွေအများကြီး ရှိသေးတယ်ဟ....ရှုရှုမှာ ဘလင်းဘလင်းထနေသောမျက်ဝန်းအစုံဖြင့် သစ်ကိုင်းခက်သေးသေးလေးပေါ်သို့ ကုပ်ကပ်ကာတက်လိုက်၏။ ထို့နောက် ပါးစပ်ထဲသို့ တစ်လုံးပြီးတစ်လုံးဆက်တိုက်တရစပ် သွပ်နေ၏။ ရုတ်တရက်....တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားလိုက်ရ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now