2.4K 565 16
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑
(Unicode)
သားရဲလူသားအင်ပါယာတွင် ဂြိုဟ်အချင်းချင်းဆက်သွယ်နိုင်သည့် နည်းပညာရှိပြီးသားဖြစ်သော်လည်း ၎င်းနှင့်စတားကွန်ယက်ကိုထိန်းသိမ်းရန် လူအင်အားနှင့်ပစ္စည်းအရင်းအမြစ်များ များစွာလိုအပ်လေသည်။ ထို့ကြောင့် ဝေးလံခေါင်သီသောဂြိုဟ်များက စတားကွန်ယက်နှင့် အမြဲချိတ်ဆက်ထားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဂြိုဟ်များနှင့်မြို့တော်တို့ ဆက်သွယ်ရာတွင် အဓိကအားဖြင့် သတင်းအချက်အလက်များပေးပို့သည့် နည်းပညာကိုသာ သုံးကြလေသည်။
 ထိုသို့ သတင်းပေးပို့သည့်နှုန်းက အလွန်နှေးကွေးလေသည်။ ထို့အပြင် ကြားထဲမှတစ်စုံတစ်ခုမှားယွင်း ပျက်စီးသွားလျှင် ပေးပို့လိုက်သောသတင်းကလည်း ပျောက်ကွယ်သွားနိုင်၏။ ထို့ကြောင့် တကယ့်အရေးပေါ်ကိစ္စများကြုံရလျှင် ထိုနည်းဖြင့် မြို့တော်အားဆက်သွယ်၍မဖြစ်နိုင်ပေ။ ထို့အပြင် အင်ပါယာ၏အခြေစိုက်စစ်တပ်က နည်းပညာအသစ်ဖြင့် အရေးပေါ်ဆက်သွယ်ရေးချန်နယ်တစ်ခု တည်ထောင်ထားလေသည်။
 ထိုဆက်သွယ်ရေးချန်နယ်အား သုံးရာတွင် အလွန်ကုန်ကျစရိတ်များပြားလှသည်။ ထိုချန်နယ်အား အသက်ဝင်စေရန် စွမ်းအားများစွာသုံးရသော်လည်း မြို့တော်မှစစ်တပ်ဆီ အချက်ပြနိုင်ကာ ဗီဒိုယိုကောလ်ပြောနိုင်၍ အရေးပေါ်ကိစ္စများတွင် အလွန်အသုံးတည့်လေသည်။
 အက်ဂါက ဂတ်စ်ဂြိုဟ်တွင်ရှိနေပြီး မြို့တော်နှင့်အမြန်ဆုံးဆက်သွယ်နိုင်ရန် စစ်တပ်သုံးဆက်သွယ်ရေးချယ်နယ်အား သုံးကိုသုံးရမည်ဖြစ်လေသည်။
 ဂျက်စတင်က ထိုဆက်သွယ်ရေးချန်နယ်အား တစ်ခါမျှမသုံးဖူးသေးသလို သုံးဖို့လည်း ဘယ်တုန်းကမျှမရည်ရွယ်ခဲ့ဖူး၍ မလုပ်တတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် အက်ဂါကစစ်မှုထမ်းဖူးပြီး သူ၏စစ်သင်္ဘော၌ ထိုချန်နယ်ကိုတပ်ဆင်ထားပြီး မကြာခဏသုံးစွဲဖူး၍ အက်ဂါက ကျွမ်းကျင်နေပြီဖြစ်၏။
အက်ဂါက ဆက်သွယ်ရေးကိရိယာ၏ စွမ်းအင်စက်ထဲ စကားဝှက်ရိုက်ထည့်​နေစဥ် ဘုရင်ခံကြီးဂျက်စတင်မှာ ယခုထိတစ်ခါမျှမဖတ်ဖူးသေးသော သုံးစွဲပုံအညွှန်းစာအုပ်အား ဖတ်ကြည့်ပြီး နားမလည်နိုင်၍ ရူးတော့မလိုခံစားနေရ၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now