🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍

2.4K 560 13
                                    

(Unicode)

ရှုရှုက ကောင်းမွန်သည့် တပည့်ကျော်လေးအား မွေးထုတ်ပေးချင်၏။ ထို့ကြောင့် မြွေကြီးအား လုံ့လရှိရှိ သင်ပြပေးနေ၏။ စကားလုံးတိုင်း ဆယ်ကြိမ်ခန့် ထပ်တလဲလဲသင်ပြပေး၏။

အက်ဂါက လူသားတစ်ဦးဖြစ်ဖူးသည့်အပြင် အခြားဘာသာစကားမျိုးစုံသင်ကြားဖူးသဖြင့် သူကောင်းကောင်းမှတ်သားနိုင်၏။ ရှုရှုထပ်ခါတလဲလဲသင်ပေးရန်ပင် မလိုအပ်ချေ။ သို့သော်လည်း သူက ရှုရှုပြောဆိုသမျှအား နားထောင်ချင်နေကာ ခဏခဏနားထောင်နေရသော်လည်း ရိုးအီမသွားချေ။ သူကမြွေကိုယ်ကြီးကို ခွေကာ ရှုရှုစကားပြောနေသည်ကို ကြည့်နေတော့၏။

ရှုရှုက သူ၏ဂူထဲရှိသမျှ အရာအားလုံးနှင့် မြွေကြီးအားမိတ်ဆက်သင်ကြားပေးနေသည်။ ထိုအရာများအား အသံအကျယ်ကြီးထွက်ကာ အာခေါင်ခြောက်သည်အထိ ဆိုပြပြီးမှ ရပ်လိုက်၏။ ထို့နောက် အပြင်ဘက်ထွက်ရန် အခြေအနေအား အကဲခတ်လိုက်၏။ သူကအစာအချိူ့ရှာကာ မြွေကြီး၏ဂူဆီလည်းသွားဖို့ ပြင်ထား၏။

မြွေကြီးက တွင်းပေါက်လေးထဲဖွက်ထားသည့်ပစ္စည်းများကျန်လောက်သေးသည်။ ရှုရှုက မြွေကြီးပိုင်သည့်ပစ္စည်းများအား ကူညီကာရွေ့ပေးလိုက်မည်။ 

အစကမြွေကြီးနှင့်အတူ ရွေ့ပြောင်းရန်စီစဉ်ထားသော်လည်း မြွေကြီးမှာ ဒဏ်ရာအပြင်းအထန် ခံစားနေရဆဲဖြစ်သဖြင့် ရှုရှုက သူ့တပည့်ပိုင်သည့် ပစ္စည်းများအားကူသယ်ပေးဖို့ ဖြစ်လာရသည်။

ထို့ကြောင့် ရှုရှုက မြွေကြီးရှေ့တွင် ခုန်ပေါက်လှုပ်ရှားပြပြီး ရှေ့သွားလိုက်၊နောက်သွားလိုက်လုပ်ပြကာ ပါးစပ်မှလည်း တတွတ်တွတ် ပြောဆိုသင်ကြားပေးပြန်၏။

"လှုပ်ရှားတယ်...... လှုပ်ရှားတယ်......
လှုပ်ရှားတယ်......"

ထိုသို့ပြောပြီးနောက် ကျောက်ရုပ်ကြီးလိုမလှုပ်မယှက်မတ်တပ်ရပ်ပြပြန်၏။

"မလှုပ်ဘူး...... မလှုပ်ဘူး...... မလှုပ်ဘူး......"

ထို့နောက် ခုန်ပေါက်ကာ "လှုပ်ရှားတယ်...... လှုပ်ရှားတယ်......လှုပ်ရှားတယ်...... "ဟုပြောပြန်၏။ ပြီးနောက် မလှုပ်မယှက်ရပ်ကာ "မလှုပ်ဘူး...... မလှုပ်ဘူး...... မလှုပ်ဘူး......" ဟုပြောဆိုကာ သင်ကြားပေးနေ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now