🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ရေချိုးပေးမလို့တဲ့💖🤣

2.6K 624 21
                                    

🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣

(Unicode)

 ရှုရှုနိုးလာသည့်အခါ ဂျွန်းပြင်ဆင်ပေးထားသည့် အိမ်ထဲပြန်ရောက်နေမှန်း သိလိုက်ရ၏။

 ကျင့်ကြံခြင်းမိုးကြိုးက ပြီးသွားပြီ။ သူလည်း ခံစားနေစရာမလိုတော့ဘူး။ ရှုရှုက ထိုအချက်ကို အတည်ပြုလိုက်ပြီးနောက် ယခင်က သက်တောင့်သက်သာဖြစ်ခဲ့သည့်သူ၏အခန်းက နေရကျပ်သလိုခံစားလိုက်ရ၏။ ထိုအခါမှ သူ၏အခန်းထဲတွင် နောက်ထပ်သူစိမ်းတစ်ဦးရှိနေသေးကြောင်း သိလိုက်ရလေသည်။

 ဝါးးးးးအရမ်းကိုချောတဲ့ လူကြီးပဲ...။

 ရှုရှုကယခင်ပိုင်ရှင်များစွာထဲတွင် အများစုမှာ မိန်းကလေးများသာဖြစ်၏။ ထုံးစံအတိုင်း ထိုမိန်းကလေးများက ချောမောမိမိုက်သော ကောင်လေးချောချောများကို သဘောကျကြီးပြီး သူတို့တစ်ဦးချင်းစီ၏ သဘောကျမှုက တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

မည်သို့ပင်ဖြစ်စေ သူ၏အရှေ့မှ လူချောကြီးအား သူ၏သခင်မများမြင်သွားလျှင် ဤလူကြီးအား လူချောတစ်ယောက်ဖြစ်ကြောင်း သူတို့အားလုံးလက်ခံပေလိမ့်မည်။

ထိုလူက အလွန်ပင်ကြည့်ကောင်းလှ၏။ သူ့ထံတွင် စွဲမက်ဖွယ် ခြေတံရှည်တစ်စုံနှင့် အချိုးအစားပြေပြစ်သော ခန္ဓာကိုယ်ရှိလေသည်။ သူက ဥရောပ၊အမေရိကန်တို့၏ မျက်နှာပေါက်ဖြစ်သော်လည်း ဆံပင်၊မျက်ခုံးတို့က နက်မှောင်နေ၏။ ထိုလူက မျက်လုံးဖွင့်လိုက်စဥ် နက်မှောင်ပြီးနက်ရှိုင်းသော မျက်ဝန်းတစ်စုံက ရှုရှုအပေါ်ကျရောက်လာ၏။ ထိုမျက်ဝန်းထဲတွင် နက်ရှိုင်းစွာချစ်နေသည့် အရိပ်အယောင်များ ရောယှက်နေလေသည်။

 ရပ်လိုက်တော့....။ အချစ်ဝတ္ထုထဲက အကြောင်းတွေ ဆက်မစဥ်းစားတော့တာပဲကောင်းတယ်။ ရှုရှုတို့နှစ်ယောက်လုံး ယောကျာ်းလေးတွေ။ သူ့လို လူချောချောကြီးက ရှုရှု့ကို ဘယ်လိုလုပ်ကြိုက်မှာတဲ့လဲ။

ဒါနဲ့...ဒီလူက ဘယ်သူတုံး။ သူ့မြွေကြီးကော...။

ရှုရှုက ကုတင်ပေါ်ထထိုင်လိုက်၏။ သူ့တပည့်သာ ကလေးလေးဖြစ်သွားလျှင် သူ၏နံဘေးအိပ်မောကျနေမည်။ ထို့ကြောင့် သူ့မြွေကြီးအား စောင်ခြုံထဲလိုက်ရှာတော့၏။ သို့သော် သူ့မြွေကြီးအားမတွေ့ပေ...။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now