🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ

2.5K 586 9
                                    

(Unicode)

ဧရာမကျားကြီး၏အကြွင်းအကျန်များမှာ အရေပြား၊ အရိုးများသာဖြစ်သော်လည်း အရိုးများကြားအသားစများရှိနေသေး၍ ရှုရှုမှာ အားတော်တော်စိုက်ကာ ဆွဲနေရ၏။ ရှုရှုက ကျားမြီးမှကိုင်ကာ တော်တော်ဝေးဝေးဆွဲသွားပြီးနောက် မောပန်းနေရ၏။

သူက တော်တော်ဝေးဝေးလျှောက်ခဲ့ပြီဖြစ်၍ မြွေကြီးမှာ ကျားအရေခွံကြောင့် မအီမသာမဖြစ်နိုင်တော့ဘူးဟု ရှုရှုယူဆကာ ကျားအရေခွံအားထောင့်တစ်ထောင့်နား လွှင့်ပစ်လိုက်ပြီး ကျားအမြီးဆွဲကာ ရေရှိရာဆီသို့ ပျော်ပျော်ရွှင်ရွှင် သွားတော့၏။

အက်ဂါက အနောက်မှနီးနီးကပ်ကပ်လိုက်နေသည်ဖြစ်၍ ဤမြင်ကွင်းအားကြည့်ကာ ကြက်သေသေနေရပြန်၏။

ဤသားရဲတစ်ပိုင်းလူသားလေးက မြက်ပင်၊ပေါင်းပင်များကို စုဆောင်းရသည်မှာ ခက်ခဲပင်ပန်းကြောင်း သိနေ၏။ ဒါကို ဘာကြောင့်များ ထူပြီးအနွေးဓာတ်ပေးတဲ့ ကျားအရေခွံကြီးကို လွှင့်ပစ်ရတာတုန်း။ အက်ဂါက ထိုအကောင်ငယ်လေး ကျားအရေခွံအားမကိုင်တွယ်တတ်၍ဖြစ်မည်ဟု ခန့်မှန်းလိုက်မိ၏။ သူလေးမသိတာ သိပ်တော့မဆန်းပါဘူးလေ.......

အက်ဂါ၏တစ်ကိုယ်လုံး ဒဏ်ရာအပြည့်ဖြစ်နေသော်လည်း ငယ်စဥ်ကတည်းကတိုက်ခိုက်ရသည်ကို နှစ်သက်သည့်သူဖြစ်လေရာ ဒဏ်ရာရနေကျဖြစ်နေ၏။ ထို့ကြောင့် မည်မျှဒဏ်ရာပြင်းပြင်း အက်ဂါတောင့်ခံနိုင်၏။ သူ့၏အရေခွံများကွာကျ၍ သူလွတ်လွတ်လပ်လပ်မသွား၊မလာနိုင်ခြင်းနှင့် အစားလွန်ပြီးဗိုက်ကြီးတင်းကားနေလွန်းခြင်းတို့ကသာ သိပ်၍မသက်မသာဖြစ်ရ၏။

သူက သားရဲတစ်ပိုင်းလူသားလေးလွှင့်ပစ်လိုက်သည့် ကျားအရေခွံအား ပါးစပ်ဖြင့်ကိုက်ကာ ထိုအကောင်ငယ်လေးကိုအနံ့ကိုခံပြီး တဖန်နီးနီးကပ်ကပ်လိုက်သွားပြန်၏။

ရှုရှုက ရေရှိသည့်နေရာဆီသို့ သွားနေခြင်းဖြစ်၏။ တောအုပ်ထဲတွင် စမ်းချောင်းများ ပေါင်းဆုံ၍ဖြစ်တည်လာသော ရေကန်လေးလည်းရှိ၏။ ရှုရှုက ရေထဲသိပ်၍မသွားရဲချေ။ သူ၏ပိုင်ရှင်တစ်ဦးနှင့် "တိရိစ္ဆာန်တို့၏ကမ္ဘာ" ကိုအတူတူကြည့်ခဲ့ဖူး၏။ ထို့ကြောင့် ရေကန်ထဲမှမိချောင်းများ ရုတ်တရက်တိုက်ခိုက်လာမည်ကိုကြောက်၍ ရှုရှုက ခြေလက်များကိုသာ ဆေးကြော၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now