🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐

2.6K 589 21
                                    


🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐

(Unicode)
 ရှုရှုက မိတ်လိုက်ရာသီအား ဖြတ်ကျော်ခြင်းအပေါ် လွန်စွာတရင်းတနှီးရှိ၏။ ဟမ်းစတားအထီးများက Heat အပေါ်ခံနိုင်ရည်မရှိကြချေ။ ဟမ်းစတားအမများ Heat ဖြစ်ပေါ်ချိန်တွင် ဟမ်းစတားအထီးများက စိတ်ရောကိုယ်ပါတက်တက်ကြွကြွ မိတ်လိုက်ကြ၏။ ရှုရှုက လူသားတစ်ဦးဖြစ်ရေးအတွက် အမြဲတမ်းထိန်းချုပ်နေခဲ့၏။

သူက မိတ်ဖက်လည်းမရချင်သလို ဉာဏ်ရည်မဖွံ့ဖြိုးသည့် ထိုဟမ်းစတားအမများနှင့် ကလေးမယူလိုပေ။ ဉာဏ်ရည်မဖွံ့ဖြိုးကြ၍ အရွယ်နည်းနည်းရောက်သည့် ဟမ်းစတားလေးများက မွေးမိခင်ဟမ်းစတားကြီးကိုစွန့်ခွာကြပြီး အချိန်မည်မျှပင်ကြာကြာမနေရပဲ ထိုအကောင်လေးများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကြသည်ကို ထိုင်ကြည့်ရမည့်ရှုရှုမှာ လောကကြီးက အလွန်ရက်စက်သည်ဟု ခံယူထားလေသည်။

 ထို့​ကြောင့် ရှုရှု၏ပိုင်ရှင်များက သူ့အတွက် ဟမ်းစတားအမလေးတစ်ကောင်ရှာပေးသော်လည်း ရှုရှုလုံးဝမထိခဲ့ပေ။ ထို့ကြောင့် သူ၏ပိုင်ရှင်ပင် ရှုရှုမှာ ဟမ်းစတားအထီးများကိုကြိုက်သည့် ဟမ်းစတားဂေးလေးဟုပင် ထင်သွားခဲ့ကြသည်။

ရှုရှုအတွေးထဲလွန်ကာ အတိတ်ကအကြောင်းများတွေးမိနေလေသည်။ ထို့နောက် သူ၏တစ်နေရာအားပြန်ကြည့်လိုက်၏။

သူဤတောထဲသို့ရောက်ပြီးနောက် သူ၏ပုံစံမှာ လူတစ်ပိုင်း၊ကြွက်တစ်ပိုင်းပုံစံဖြစ်သွားခဲ့၏။ သူအချိန်တိုင်း ပူပန်နေခဲ့ရပြီး Heat ကာလမရောက်ဖူးသေးပေ။ ရှုရှုက တစ်နေရာရာအားသွားကာ သူ၏ရတနာလေးအား ပွတ်တိုက်ချော့မြူချင်မိ၏။

သူက ယခုထိ လူပျိုစစ်စစ်ကလေးဖြစ်သော်လည်း သူ့ကိုယ်သူသာယာမှုရအောင် ပွတ်တိုက်ရဦးမည်ဖြစ်၏။

 ရှုရှုက ထိုသို့တွေးကာ လုပ်ရန်ပြင်နေစဥ် ဘာကြောင့်မှန်းမသိပဲ ပြောမပြတတ်အောင် အနေခက်သွားသလို ရုတ်တရက် ခံစားလိုက်ရ၏။ သူ၏ရတနာလေးအားကြည့်နေရာမှ ခေါင်းမော့ကြည့်လိုက်စဥ် မြွေကြီးက သူ့အားမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ၏မျက်လုံးများမှ "ငါမင်းကိုစားချင်တယ်" ဟူသော အရိပ်အယောင်များပေါ်နေ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now