2.3K 566 20
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄
(Unicode)
ယခုနောက်ပိုင်း အက်ဂါက သူ၏ဗိုက်နေရာမှာ အလွန်ယားယံနေသလို ခံစားနေရသည်။
 မူလက တစ်ခဏသာယားယံသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ဆိုးလာ၍ ကျောက်တုံးနှင့်ပွတ်နေရခြင်းဖြစ်လေသည်။ သူက အိပ်မည့်နေရာတွင် ရှုရှုမသိအောင်​ ကျောက်တုံးကိုဖွက်ထားကာ ယားယံမှုကိုခံစားရတိုင်း ကျောက်တုံးနှင့်ပွတ်တိုက်တတ်၏။
 သူ၏ကိုယ်တွင် မည်သည်တို့ဖြစ်ပျက်နေသည်ကို အက်ဂါမမှန်းတတ်ချေ။ အရေခွံလဲသည့်အချိန်မဟုတ်သော်လည်း သူအရေခွံမလဲရသည်မှာ ကြာမြင့်နေပြီဖြစ်၏။
အက်ဂါက နေ့တိုင်းလိုလို ညပိုင်းကျင့်ကြံပြီး ကျင့်ကြံမှုက အကျိုးကျေးဇူးများစွာပေးကြောင်း အက်ဂါခံစားမိ၏။
ယနေ့ သူကျင့်ကြံနေစဥ် ယားယံမှုကြောင့် အာရုံပျက်ကာ သားရဲတစ်ပိုင်းလူသားလေးပြင်ဆင်ပေးထားသည့် cogon မြက်ပုံလေးပေါ်ခေါင်းတင်ရင်း အက်ဂါက စူပုတ်ပုတ်ဖြင့် အိပ်ယာထဲဝှက်ထားသည့်ကျောက်တုံးနှင့် အယားပြေ ပွတ်တိုက်နေရလေသည်။
အယားပြေ ကျောက်တုံးနှင့်ပွတ်ပြီးမကြာမီပင် ရှုရှုတူးထားသည့်လေဝင်ပေါက်မှ အလင်းရောင်များဖြာကျလာပြီး နောက်တစ်နေ့ အစပြုလေသည်။
အမ်း သားရဲတစ်ပိုင်းလူသားလေး နိုးနေလောက်ပြီ...။ ထိုသို့တွေးကာ အက်ဂါက ရှုရှုနေသည့်တွင်းလေးထဲလှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် သားရဲတစ်ပိုင်းလူသားငယ်လေးက အိပ်ချင်မူးတူးဖြင့် လေးဘက်ထောက်ကာ ထွက်လာလေသည်။
 သားရဲတစ်ပိုင်းလူသားငယ်လေး၏ကိုယ်ပေါ်တွင် ရိုးရှင်းစွာချုပ်ထားသော တိရိစ္ဆာန်သားရေအင်္ကျီလေးရှိနေပြီး ဖြူဖွေးကာ နို့နှစ်ရောင်သမ်းပြီး နူးညံ့ပုံရသော လက်မောင်းဖြူဖြူလေးနှစ်ဖက်က ပေါ်နေလေသည်။ တိရိစ္ဆာန်သားရေအင်္ကျီက ပုံစံမကျသော်လည်း အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေးမှာ အလွန်လှပသည်ဟု တွေးနေလေသည်။
ရုတ်တရက် အက်ဂါက သူ၏အမြီးကိုသားရဲတစ်ပိုင်းလူသားငယ်လေးရှေ့ပို့ထားလိုက်ချင်၏။ ရှုရှုက ဂူထဲတွင် ဖိနပ်မဝတ်တတ်၍ သေးငယ်လှပသော ခြေဖဝါးသေးသေးလေးက သူ့အမြီးပေါ်တက်နင်းမိလျှင် အရမ်းခံစား၍ ကောင်းလိမ့်မည်။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now