2.4K 572 14
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍
(Unicode)
ဂျေရက်က အစောကတည်းက သားရဲတစ်ပိုင်းလူသားငယ်လေးအား သူနှင့်အတူခေါ်သွားမည်ဟု ဆုံးဖြတ်ချက်ချထား၏။ မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ဤမျှအန္တရယ်ကြီးလှသော တောအုပ်ထဲတွင် ထိုအကောင်ငယ်လေးအား မထားခဲ့နိုင်ပေ။ သို့သော် သားရဲတစ်ပိုင်းလူသားလေး၏ အခြေအနေများအား မေးမြန်းချင်သေး၏ ။ ထို့အပြင် ဤအဆင့်ကျသားရဲကြီးက သားရဲတစ်ပိုင်းလူသားငယ်လေးနှင့် အတူတူရှိနေသည့်အကြောင်းကို သိချင်နေသေး၏။
သူတို့က ဘာကြောင့်များ တောအုပ်ထဲမှာ နေနေကြတာလဲ။
သားရဲတစ်ပိုင်းလူသားငယ်လေးနှင့် သူတို့အကြား ဘာသာစကားခြားနားမှုရှိလေရာ ဂျေရက်က ဘာသာစကားတူသော အဆင့်ကျသားရဲကြီးကိုသာ မေးမြန်းနိုင်မည်ဖြစ်၏။ အဆင့်ကျသားရဲကလည်း သူနှင့်စကားပြောချင်ဟန်ရှိ၏။ ထို့ကြောင့် သူတို့ညသန်းခေါင်၌ ဂူအပြင်ဘက်တွင် တွေ့ဆုံနေကြခြင်းဖြစ်၏။
အဆင့်ကျသားရဲရေးလိုက်သော စာကိုကြည့်၍ ဂျေရက် စိတ်သက်သာရာရသွား၏။ အဆင့်ကျသားရဲက အခြေအနေကိုကောင်းကောင်းနားလည်တာပဲ။ မည်သို့ပင်ဆိုစေ အဆင့်ကျသားရဲတစ်ကောင်နှင့် သားရဲတစ်ပိုင်းလူသားတို့ အတူတူနေထိုင်၍မဖြစ်နိုင်ပေ။
 "အဲ့ဒီသားရဲတစ်ပိုင်းလူသားလေးက ဘာကြောင့်တောထဲရောက်နေတာလဲ။ ဘာကြောင့် ဘုံဘာသာစကားကိုတောင် နားမလည်ရတာလဲ။ သူက ငယ်ငယ်လေးကတည်းက တောထဲမှာပဲ ကြီးပြင်းခဲ့ရတာလား" ဂျေရက်ကမေးမြန်းလိုက်၏။ သားရဲတစ်ပိုင်းလူသားငယ်လေးက သားရဲတို့၏ဘုံဘာသာစကားကိုသာမက သူတို့၏အခြားဘာသာစကားများကိုလည်း နားမလည်ပေ။ ထို့အပြင် သားရဲလူသားနှင့်သားရဲတစ်ပိုင်းလူသားများအကြား ကွာခြားချက်ကိုပင် နားလည်သည့်ပုံမပေါ်၍ ဂျေရက်က တစ်ခုခု မှားယွင်းနေသကဲ့သို့ခံစားနေရ၏။
အက်ဂါက ဂျေရက်အား တစ်ချက်ကြည့်ကာ အမြီးကိုသုံး၍ ရေးပြလိုက်၏။" သူက ငယ်ငယ်ကတည်းက တောထဲမှာကြီးခဲ့တာ။ ဒါကြောင့် အများစုကိုသူနားမလည်ဘူး"
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now