🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2

2.9K 635 6
                                    

အဆင့်ကျသားရဲ အက်ဂါ-2
(unicode)

အချိန်အနည်းငယ်ကြာပြီး နောက်ဆုံးတော့ ရှုရှုမျက်လုံးအားဖွင့်ကြည့်လိုက်ပြီး မြွေကြီးမရှိတော့ကြောင်းသေချာအောင် စစ်ဆေးကြည့်လိုက်၏။ သူကချက်ချင်းပဲ ခုန်လိုက်ကာ အမြန်ဆုံးနှုန်းဖြင့် သူ၏ကျင်းလေးဆီပြေးတော့၏။

အက်ဂါက သိပ်မဝေးသည့်နေရာတွင်ပုန်းအောင်းနေပြီး ဖြစ်ပျက်သမျှကိုကြည့်နေ၏။ သူကထွက်သွားတော့မလိုလုပ်လိုက်ပြီးမှ တစ်ခုခုမှားယွင်းနေကြောင်းသိလိုက်ရ၏။

ထွက်ပြေးသွားသည့် သားရဲတစ်ပိုင်းလူသားလေးက တကယ့်ကိုတုံးလုံးလေးဟ။ ထိုအကောင်ငယ်လေးပြေးလိုက်တိုင်း ဖြူဖွေးလုံးဝန်းတဲ့အသားစိုင်လေးနှစ်ခုက တလှုပ်လှုပ်နဲ့....အိုက်ယားးးး ပြီးတော့အမြှီးတိုတိုလုံးလုံးလေး။

အက်ဂါမှာ သားရဲတစ်ပိုင်းလူသားလေး သူ၏မြင်ကွင်းထဲမှ ပျောက်သွားပြီဆိုပါမှ သတိပြန်ဝင်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပေါ်တစ်ခုခု ကပ်ညိနေကြောင်းသိလိုက်ရ၏။ သူ၏အရေခွံပေါ်တွင် ထိုအကောင်ငယ်လေး၏ မြက်စကပ်လေးညိကာကျန်နေခဲ့လေသည်။

သူနောက်ဆုံးတော့ အဝတ်မပါသည့် သားရဲတစ်ပိုင်းလူသားလေးကို မြင်ဖူးသွားပြီ။ ထို့အပြင် သူ့တစ်ကိုယ်လုံးအားလည်း ရစ်ပတ်လိုက်ရသလို ခေါင်းနှင့်လည်း အကြိမ်ကြိမ်ပွတ်သပ်လိုက်ရ၏။ ထိုအကောင်ငယ်လေးက သူကသားရဲလူသားဖြစ်ကြောင်း မသိလိုက်သည်က သူ့အတွက် ဝမ်းသာစရာပဲမဟုတ်ပါလား။

မဟုတ်သေးဘူး...သူကသားရဲလူသားမဟုတ်တော့ဘူးလေ။ သာမန်သားရဲတစ်ကောင်ထက် မပိုတော့ဘူး....

.....🐍🐹🐍🐹🐍🐹.......

ရှုရှုနေသည့် ဂူကျင်းလေးက တောင်နံရံတွင်နစ်မြှုပ်နေသည့်ကျောက်တုံးအကြီးကြီး၏ ဘယ်ဘက်နားလေးတွင်ဖြစ်သည်။ ကျောက်တုံးကြီးက သူ့ကျင်း၏ အပေါက်တစ်ဝက်ကိုပိတ်ဆို့ထားပြီး ကျန်အပေါက်တစ်ဝက်ကိုသာ သူက ပိတ်ဆို့ရန်လိုသည်။ ဘယ်နေရာမှကြည့်ကြည့် ဤနေရာတွင် ဂူကျင်းလေးတစ်ခုရှိကြောင်းမည်သူမျှ သတိထားမိမည်မဟုတ်ပေ။ ဤဂူကျင်းလေးအား ရှုရှုတစ်လလုံးအပင်ပန်းခံကာ တူးထားရခြင်းဖြစ်၏။ ရောက်ခါစကာလတွင် သူ၏အိမ်အဖြစ် သစ်ခေါင်းကြီးတစ်ခုထဲနေခဲ့ရ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now