📩📩📩

1.5K 207 4
                                    

(Unicode)

" D Day အတွက် ဘာတွေပြင်ဆင်ထားရမလဲ "

ဒီမနက် ၁ နာရီခွဲလောက်မှာ PDF ညီလေးတစ်ယောက်က ကျွန်တော့်ဆီစာပို့ပါတယ်။ အစ်ကိုရေ ဒီနေ့ စပြီနော်၊ အစစအရာရာဂရုစိုက်တဲ့။ သူဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ D Day ဒီနေ့စပြီဆိုတာကို။ ဝမ်းသာအားရနဲ့ လိုင်းပေါ်ကို ချက်ခြင်း စာတင်လိုက်တယ်။ ဒါပေမယ့် ၃ မိနစ်အတွင်း ပို့စ်ကို ပြန်ဖျက်လိုက်ပါတယ်။ NUG က တရားဝင်မကြေညာသေးဘဲနဲ့ စည်းကျော်သလိုဖြစ်မှာစိုးတဲ့အတွက်ပါ။

မနက် ၃ နာရီခွဲမှ အိပ်ဖြစ်တယ်။ ၁၁ နာရီခွဲမှာ နိုးတယ်။ အင်တာနက်ဖွင့်ကြည့်တဲ့အချိန်မှာ NUG က တရားဝင်ကြေညာထားတဲ့သတင်းကို ဖတ်ရတယ်။ ထုံးစံအတိုင်း မက်ဆင်ဂျာမှာ စာပို့မေးထားတာတွေ အများကြီးပဲ- ' D Day အတွက် ဘာတွေ ပြင်ထားရမလဲ၊ ဘာတွေထူးခြားလာတော့မလဲ' တဲ့။

D Day အတွက် ပြင်ဆင်သင့်တာတွေကို မပြောခင်မှာ D Day ကြေညာဖို့အတွက် NUG က ဘယ်လောက်အထိ စွန့်စားမှု(risk) ယူပြီး လုပ်ခဲ့ရလဲ၊ စစ်ကောင်စီက ဘာတွေကြံစည်နေသလဲဆိုတာကို အကျဉ်းချုပ် တင်ပြလိုပါတယ်။

အာဆီယံကိုယ်စားလှယ်က ၄ လ အပစ်ရပ်ဖို့ပြောတဲ့သတင်းကို အားလုံးပဲဖတ်မိကြမှာပါ။ အာဆီယံဟာ တရုတ်ဩဇာခံဖြစ်ပြီး စစ်ကောင်စီအကျိုးကိုလိုလားသူ၊ မြန်မာနိုင်ငံတိုးတက်သွားမှာကို မလိုလားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ၄ လ အပစ်ရပ်ခိုင်းတာလဲဆိုရင် အဖက်ဖက်က အထိအခိုက်အကျဆုံးများနေတဲ့ စစ်ကောင်စီအတွက် အချိန်ယူချင်တာဖြစ်ပါတယ်။ PDF တွေကို နှိမ်နှင်းဖို့နဲ့ တော်လှန်ရေးကို ဖျက်ဆီးဖို့အတွက် အချိန်ဆွဲဗျူဟာကို သုံးချင်တာဖြစ်ပါတယ်။

ဘယ်အချက်တွေကို အခြေခံပြောသလဲဆိုရင် စစ်ကောင်စီက ဗဟိုဘဏ်မှာရှိတဲ့ဒေါ်လာတွေကို အကုန်သိမ်းသွားတာရယ်၊ ၄ လ အတွင်း နိုင်ငံခြားပို့ကုန်ကနေရရှိတဲ့ ဒေါ်လာတွေကို ဗဟိုဘဏ်ကနေတစ်ဆင့် စစ်ကောင်စီထံအကုန်အပ်ဖို့ လျှို့ဝှက်အမိန့်ထုတ်ထားလို့ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဘာဖြစ်လို့ အသည်းအသန် ဒေါ်လာတွေလိုအပ်နေသလဲဆိုရင် လေကြောင်းတိုက်ပွဲအတွက် လေယာဉ်ပစ်ကျည်ဖိုး/ဗုံးဖိုးတွေ လိုအပ်နေလို့ပါ။ တခြား စစ်ပွဲသုံးလက်နက်တွေကို ပြည်တွင်းမှာထုတ်နေပေမယ့် လေယာဉ်နဲ့ပစ်ရတဲ့ဗုံးကိုတော့ နိုင်ငံခြားကနေ ဒေါ်လာနဲ့ဝယ်ယူမှ ရလို့ပါ။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now