2.2K 597 7
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍
(Unicode)
ရှုရှုက သူ့လိုလူမျိုးကို မည်မျှတွေ့ဆုံလိုကြောင်း ဘုရားသာသိလိမ့်မည်။ သို့သော် နှစ်ပေါင်းရာချီဟမ်းစတားအဖြစ် ရှင်သန်စဥ် သူ့လိုလူမျိုးတစ်ခါမှမတွေ့ခဲ့ရဖူးပေ။
သူကကျင့်ကြံပြီးနောက် အခြားသာမန်ဟမ်းစတားများနှင့် ဆက်၍မကစားတော့ပေ။ သူက လူသားဖြစ်ချင်သည်။ သို့သော်လည်း အဆုံးတွင် လူတစ်ပိုင်း၊ ကြွက်တစ်ပိုင်းသာဖြစ်ခဲ့ရ၏။
 လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း ရှုရှုကအထီးကျန်သလိုခံစားခဲ့ရပြီး ပိုင်ဆိုင်မှုလည်းသိပ်မရှိခဲ့ပေ။ ​ဤတောထဲသို့ရောက်ပြီး မကြာမီမြွေကြီးနှင့်တွေ့ဆုံကာ သူ့လိုအမျိုးအနွယ်တစ်ဦးအားတွေ့လိုက်ရသကဲ့သို့ ခံစားခဲ့ရ၏။ သို့သော် မြွေကြီးက မြွေသာဖြစ်၍ ရှုရှုကအနားမကပ်ရဲသေးပေ။
 ယခု ဝံပုလွေလူသားအားတွေ့လိုက်ရ၍ ရှုရှုကအလွန်ပျော်နေလေသည်။ ထို့ကြောင့် ခုနကလူအုပ်စုအပေါ် ကြောက်ရွံ့ခြင်းလည်းမရှိတော့ပေ။ ထိုသူများက ဝံပုလွေလူသားနှင့်အတူလာကြ၍ ရှုရှုတို့အပေါ် မကောင်းသည့်ရည်ရွယ်ချက်မရှိလောက်ပေ။
 ထိုလူသားများက မကောင်းသည့်ရည်ရွယ်ချက်မရှိလျှင်ပင် ရှုရှုက သူ၏မျိုးနွယ်တူ ဝံပုလွေလူသားကို ပို၍သဘောကျ၏။
 "ဟယ်လို...ကျွန်တော်နာမည်က ရှုရှုပါ။ ခင်ဗျားကကော..." ရှုရှုက ပြုံးကာ ဝံပုလွေလူသားအားနှုတ်ဆက်လိုက်၏။
ဂျေကာက ရှုရှု၏အပြုံးကိုလက်ခံရရှိလိုက်၍ ချက်ချင်းပင် ဘဝင်ခိုက်သွားလေသည်။
ဂတ်စ်ဂြိုဟ်က ဝေးလံခေါင်သီသော ဂြိုဟ်ဖြစ်ပြီး ဆက်သွယ်ရေး၊ ရောင်းဝယ်ရေးများက အဆင်မပြေချေ။ ထို့ကြောင့် လာရောက်အခြေချသူများ နည်းပါးပြီး ​ရှေးကျသောလူနေမှုဘဝကိုသဘောကျသည့် သားရဲလူသားများသာ လာရောက်အခြေချကြ၍ သားရဲတစ်ပိုင်းလူသားများက မရှိသလောက်ရှားလေသည်။
ဤဂြိုဟ်တွင် အခြေချရသော အစောင့်တပ်တွင် အစွမ်းထက်သောသားရဲလူသားအဖွဲ့ဝင်များ၏ သားရဲတစ်ပိုင်းလူသားများမှလွဲ၍ အခြားသားရဲတစ်ပိုင်းလူသားများအား နှစ်အနည်းငယ်ကြာမှ တစ်ကြိမ်နှုန်းမြင်တွေ့ရနိုင်၏။ ဤသည်ကိုကြည့်၍ ဂတ်စ်ဂြိုဟ်တွင် သားရဲတစ်ပိုင်းလူသားများ မည်မျှရှားပါးကြောင်း သိနိုင်လေသည်။
ဂျေကာက ရှုရှု၏စကားကို နားမလည်သော်လည်း ထိုစကားသံလေးက အလွန်သာယာနာပျော်ဖွယ်ရှိကာ လူကို​ပြုစားနိုင်လောက်ကြောင်း တွေးနေမိလေသည်။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now