2.3K 607 18
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍
(Unicode)
မိုးကြိုးပစ်ချတိုင်း မြွေကြီးက ခေါင်းကိုထောင်၍ ခံယူသော်လည်း ရှုရှုနှင့်မြွေကြီးတို့မှာ လွန်စွာနီးကပ်နေလေရာ ရှုရှုမှာ နည်းနည်းလေးပင်မလွတ်မြောက်ခဲ့ပေ။ နောက်ထပ်မိုးကြိုးထပ်ပစ်ချချိန်တွင် ရှုရှု၏ အပေါ်ယံအရေပြားမှာ လောင်ကျွမ်းကုန်၍ မီးသွေးတုံးလေးဖြစ်နေပြီဖြစ်၏။ ရှုရှုနည်းနည်းလှုပ်လိုက်တိုင်း လောင်ကျွမ်းနေသည့် အရေပြားကကွာကျလာပြီး အနီရောင်အသားများပင်ပေါ်လာကာ အလွန်အမင်းနာကျင်နေရ၏။
 နောက်ထပ်မိုးကြိုးတစ်ချက်ကျရောက်လာပြီး နီနေသောအသားမှာ ထပ်၍လောင်ကျွမ်းသွားရပြန်သည်။
 ရှုရှုက သူ၏လက်ရှိပုံစံမှာ လူနှင့်ပင်မတူတော့ကြောင်း ခန့်မှန်းမိလေသည်။
သို့သော် ရှုရှုမသေချင်သေးပေ။ ဆက်၍ရှင်သန်ချင်လှ၏။
ရှုရှုက ကျင့်ကြံခြင်းဝတ္ထုများကိုဖတ်ဖူး၏။ ဝတ္ထုထဲမှ ဇာတ်ကောင်များ အဆင့်တက်ချိန်တွင် ​မှော်ပစ္စည်းများ၊ ​မှော်အစီအရင်များသုံးကြပြီး ရှုရှုကိုယ်၌က ဘာမျှမရှိပေ။
ထို့ကြောင့် ယခင်ကျင့်ကြံခြင်းမိုးကြိုးခံယူခဲ့စဥ်က ရှုရှုကဘောလုံးလေးလိုကွေးကာ တတ်နိုင်သမျှအားတင်းခံခဲ့ခြင်းဖြစ်၏။ ယခုသူ့မြွေကြီး ကျင့်ကြံခြင်းမိုးကြိုးဒဏ်ခံရချိန်တွင် ရှုရှုကအဆစ်ခံရသည့်အပြင် တခြားဘာမျှလုပ်နိုင်စွမ်းမရှိပေ။
သို့သော်လည်း သူ့ကိုယ်သူအကောင်းဆုံးအားပေးလိုက်၏။
မြွေကြီး၏ကိုယ်လုံးကြားတွင် တင်ပျဥ်ခွေထိုင်ချလိုက်ကာ သူ့ကိုယ်မှထွက်ပေါ်နေသော အသားညှော်နံ့ကိုတစ်ချက်ရှုသွင်းလိုက်ပြီး သူ၏ကိုယ်ထဲမှ အားနည်းသောစွမ်းအင်လေးကိုလှည့်ပတ်စေလိုက်၏။ ရှုရှုက သူ၏ကိုယ်မှ နာကျင်မှုကို မေ့ပျောက်နိုင်ရန်အကောင်းဆုံးကြိုးစားနေလေသည်။
ရှုရှုလည်း နာကျင်နေရသလို အက်ဂါက ပို၍ဆိုးရွားစွာ ခံစားနေရ၏။ ယခင်ယားယံကာ အကြေးခွံများကျွတ်စဥ်က တွေးတောကာ ပူပန်ခဲ့ရ၏။ ယခုတော့ သူ့တစ်ကိုယ်လုံးမှ အကြေးခွံများက တစ်ဖြုတ်ဖြုတ်ကျွတ်ကျကုန်လေသည်။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now