1

43K 3.2K 160
                                    

Unicode

ရွှယ်ယို့ရှန်းက online စာရေးဆရာတစ်ယောက် ဖြစ်ပြီး လက်ရှိအချိန်မှာတော့  ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုရဲ့ ၅ပိုင်းမြောက်အခန်းကို အင်တာနက်ပေါ် တင်လိုက်ပြီ ဖြစ်တယ်။

ဒီဝတ္ထုက မော်ဒန်ခေတ်ရဲ့ လူငယ်လေးတစ်ယောက် ဓားတွေမှော်ပညာတွေပါဝင်တဲ့၊ အချင်းချင်းအမြဲတမ်း ပြိုင်ဆိုင်တိုက်ခိုက်နေတတ်တဲ့ ကမ္ဘာတစ်ခုကို ဝိညဉ်ကူးပြောင်းသွားတဲ့ ဇာတ်ကြောင်းပဲ။ အဓိကဇာတ်ကောင်ဆိုတော့ ထူးခြားတဲ့ အားသာချက် (Golden Finger) တွေ အများကြီးရှိတာပေါ့။

သူမတူတဲ့ နှစ်လိုဖွယ်ရာ အရည်အချင်းတွေကို အသုံးပြုပြီး အလှလေးတွေရဲ့ နှလုံးသားကို စိုးမိုးခြယ်လှယ်ကာ ညီအစ်ကို၊ နောက်လိုက်အပေါင်းအပါတွေနှင့် လောကကြီးကို ဦးဆောင်ပြီး မကောင်းဆိုးဝါးတွေနှင့် တိုက်ခိုက်နှိမ်နှင်းရင်း အဆင့်တက်သွားသည့် ဇာတ်လမ်းမျိုးဖြစ်တယ်။ ပြောရမယ်ဆို အဓိကဇာတ်ကောင်ကို အသားပေးထားတဲ့၊ ပုံမှန်မဟုတ်တဲ့ စွမ်းအင်တွေ ပါဝင်နေတဲ့ ဝတ္ထုပုံစံပဲ။

အဲ့လိုမျိုး ဇာတ်ကြောင်းက အရမ်းသာမာန်ဆန်ပေမယ့် ရွှယ်ယို့ရှန်းတစ်ယောက် အောင်မြင်နေဆဲပဲ။ အင်တာနက်ပေါ်မှာ ဝတ္ထုတစ်ပုဒ်ပေါက်ဖို့ဆိုရင် ထူးခြားတဲ့ အကြောင်းအရာတစ်ခုခု ပါဝင်နေသင့်တယ်။ ရွှယ်ယို့ရှန်းကတေ့ာ မတူကွဲပြားတဲ့ ဇာတ်လမ်းပုံစံမျိုး၊ ဒါမှမဟုတ် လူတိုင်းသုံးနေကျ ဝိညဉ်ကူးပြောင်းတဲ့ လုပ်ငန်းစဉ်ကနေ ကွဲထွက်နေတဲ့ ပုံစံမျိုး ရှာဖွေကြည့်ဖို့တောင် စိတ်ကူးမရှိခဲ့ဘူး။

ကားတိုက်လို့ ကူးပြောင်းခြင်း၊ နေမကောင်းဖြစ်ပြီး ကူးပြောင်းခြင်း၊ အိပ်သာတက်ရင်း ကူးပြောင်းခြင်း၊ ဓာတ်လိုက်ပြီး ကူးပြောင်းခြင်း၊ အမြင့်တစ်နေရာကနေ ပြုတ်ကျပြီးကူးပြောင်းခြင်း၊ အိပ်နေရင်း ကူးပြောင်းခြင်း၊ စာအုပ်ဖတ်ပြီး ကူးပြောင်းခြင်း…
ဒီလောက်များပြားတဲ့ ကူးပြောင်းနည်းတွေ အများကြီးရှိတာ။ ဘယ်လိုထူးဆန်းတဲ့ ပုံစံမျိုးဖြစ်ဖြစ်၊ မသင့်လျော်တာမျိုးဖြစ်ဖြစ်၊ အဓိကအချက်က ကူးပြောင်းနိုင်ဖို့ပဲ။ တကယ်လို့ ကူးပြောင်းစရာနည်းလမ်း မရှိဘူးဆိုရင်တော့ နည်းနည်းလေးတောင် တွေးမကြည့်လို့ပဲ ဖြစ်ရမယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now