20

11.9K 2.1K 28
                                    

Unicode

“ကျွန်တော့ကို စောင့်ဦးလေ.. အာ…”

ရင်းဆုယဲ့က သူ့ကို မစောင့်သည့်အပြင် နည်းနည်းလေးတောင် ဂရုမစိုက်ပဲ ထွက်သွား‌တာကို တွေ့လိုက်တော့ ရွှယ်ယို့ရှန်းလည်း ထိတ်လန့်သွားပြီး ချက်ချင်း အပြေးလိုက်သွားရတော့တယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်လှည့်လာခဲ့ရပြန်တယ်။ အခုလေးတင် သိုလှောင်လက်စွပ်ထဲက သူ,ထုတ်ပစ်ခဲ့တဲ့ ရတနာပစ္စည်းတွေကို ပြန်မသိမ်းရသေးဘူးလေ..!

သူက ဆင်းရဲသားလေးဆိုတော့ ရင်းဆုယဲ့လိုမျိုး ရတနာပစ္စည်းတွေအပေါ် အသုံးမလိုတဲ့ပုံစံနဲ့ မောက်မောက်မာမာ မဆက်ဆံနိုင်ဘူး။ လွှင့်ပစ်ပြီး မဖြုန်းတီးပစ်နိုင်ပါဘူး။ ရတနာတွေကို သိုလှောင်လက်စွပ်ထဲ အမြန်သိမ်းဆည်းပြီးတာနဲ့ ရင်းဆုယဲ့နောက်ကို အမြန်ပြေးလိုက်သွားတော့တယ်။

ရှေ့ကလျှောက်နေတဲ့ ရင်းဆုယဲ့က သူ့အနောက်က လှုပ်ရှားမှုကို ကြားလိုက်တော့ မသိမသာလေး အရှိန်လျော့ပေးလိုက်တယ်။ ဒီလိုဆို ရွှယ်ယို့ရှန်း သူ့ကို လိုက်မှီလာလိမ့်မယ်။

“ကျွန်တော် ရတနာတွေကို ယာယီလက်ခံထားပါ့မယ်.. ဒါပေမဲ့ ခင်ဗျား သဘောတူညီချက်တစ်ခု ပေးရမယ်..” သူ့ရှေ့ကပုဂ္ဂိုလ်ကို အမှီလိုက်ပြီး ရွှယ်ယို့ရှန်းက သူ့ရဲ့ တောင်းဆိုချက်ကို ပြောလိုက်တယ်။

အခုအချိန်မှာ ရင်းဆုယဲ့က အမှောင်လမ်းစဉ်ကို လုံးဝကြီး ကျရောက်သေးတာမဟုတ်မှန်း ရွှယ်ယို့ရှန်း သတိထားမိခဲ့တယ်။ သူတို့နှစ်ယောက်သာ အတူတူရှိနေရင် ကောင်းတာတွေဖြစ်လာဖို့ များတယ်။ ပြီးတော့လည်း တဖက်လူရဲ့ စေတနာကို ငြင်းပယ်လိုက်မိရင် သူပဲ စိတ်မကောင်းဖြစ်ရလိမ့်မယ်။

“ပြောကြည့်..”

ရင်းဆုယဲ့က ခေါင်းကို အသာလှည့်လာပြီး ရွှယ်ယို့ရှန်းကို စကားဆက်ဖို့ အမူအယာပြလာခဲ့တယ်။

“ခင်ဗျား အသုံးလိုတဲ့အချိန် ဒီရတနာတွေကို ကျွန်တော့ဆီက ပြန်လာယူရမယ်..”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ မျက်နှာအမူအယာကို အကဲခတ်ရင်း ဂရုတစိုက် ပြောလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now