106

6.6K 1.4K 38
                                    

Unicode

“ရင်းဆုယဲ့က တကယ်ကြီး ဒီနေရာမှာလား..?”

ရွှယ်ယို့ရှန်းက မြေခွေးနောက်ကနေ လိုက်သွားလိုက်တယ်။ မြေအောက်အကျဉ်းထောင်က အစောင့်တွေကို ဂရုတစိုက် ရှောင်တိမ်းရင်း ဝိဉာဉ်စွမ်းအားဖြင့် မြေခွေးကို မေးလိုက်တယ်။

ဘာလို့လဲဆိုတော့ မြေအောက်အကျဉ်းထောင်ထဲက လမ်းချိုးအများကြီးကို အချိန်အတော်ကြာအောင် ကျော်လွှားခဲ့ပြီပြီလေ။ ဒါပေမဲ့ မြေခွေးကိုကြည့်ရတာ လမ်းလျှောက်တာရပ်မယ့်ပုံ မပေါ်သေးဘူး။ အစောပိုင်း သူ့ကိုတားဆီးနေခဲ့တာကြောင့် မယုံမကြည်ဖြစ်နေတဲ့စိတ်နဲ့ ပေါင်းစပ်လိုက်တော့ ရွှယ်ယို့ရှန်းလည်း စိုးရိမ်တကြီး ထုတ်မမေးပဲ မနေနိုင်တော့ဘူး။ နေ့တစ်ဝက်လောက် အချိန်ဖြုန်းခဲ့ပြီးမှ လမ်းမှားနေမယ်ဆိုရင် တကယ့်ကို ရယ်စရာကြီး..!

အစောင့်အကြပ်ထူထပ်တဲ့ မြေအောက်အကျဉ်းထောင်ရဲ့အလယ် ရောက်နေခဲ့တာတောင် ထွေရာလေးပါး ပြောနိုင်သေးတာက သူ့ရဲ့တည်ရှိမှုကို တခြားလူတွေ လုံးဝရှာမတွေ့နိုင်ဘူးဆိုတဲ့အချက်ကို အားကိုးနေလို့ပဲ။ အဲ့တာကြောင့် လုပ်ချင်တာ လုပ်ရဲတာပေါ့။ ‘隐' ‘ဖုံးကွယ်ခြင်း’ မန္တန်ကို သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အသုံးပြုထားလို့လေ။ သူသာ မန္တန်ရဲ့အစွမ်းကို မပယ်ဖျက်ဘူးဆိုရင် ဘယ်သူမှ မြင်ရမှာမဟုတ်ဘူး။

တကယ်တော့ ‘ဖုံးကွယ်ခြင်း’ဆိုတဲ့ စကားလုံးကို ရေးလိုက်တဲ့အချိန်မှာ သူ့ရဲ့စွမ်းရည်က ထင်ထားတာထက် ပိုပြီးမြင့်မားနေတာကို သတိပြုမိလိုက်တယ်။ တရုတ်စာလုံးတွေကို စုတ်ချက် ၂၀ နီးပါးအထိ ကောင်းကောင်း ရေးဆွဲနိုင်လောက်တယ်။ အဲ့လိုဆိုတော့ သူ့ရဲ့အကန့်အသတ်က စာလုံးတစ်လုံးတည်း မဟုတ်တော့ဘူး၊ စကားစုလေးတွေ ရေးလို့ရနိုင်ပြီ။ ဒီအတိုင်းသာဆိုရင် အနာဂါတ်မှာ ပိုပြီးစွမ်းအားကြီးလာလိမ့်မယ်။ idioms တွေ၊ ဒါမှမဟုတ် စာကြောင်းတွေအထိ ရေးဆွဲလာနိုင်ပြီး ပိုပြီးသက်ရောက်မှုပြင်းထန်တဲ့ မန္တန်စွမ်းရည်မျိုး ရရှိလာလိမ့်မယ်။

“အင်း..”

သံသယဝင်ခံရတာကို သိပ်မကျေနပ်ပေမယ့်လည်း မြေခွေးက မြေအောက်အကျဉ်းထောင်ထဲမှာ ရုတ်ရုတ်သဲသဲ မလုပ်ရဲတာကြောင့် အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။ ရွှယ်ယို့ရှန်းလို မန္တန်အစွမ်းနဲ့ ဖုံးကွယ်ထားခြင်းမရှိတာကြောင့် မြေခွေးခမျာ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုသုံးပြီး ထောင်စောင့်တွေကို ရှောင်တိမ်းနေခဲ့ရတယ်။ ရွှယ်ယို့ရှန်းကို မမြင်ရပေမယ့် သူ့ရဲ့အသိစိတ်ထဲ ဝင်ရောက်လာတဲ့ စကားသံကြောင့် သူ့နဲ့အတူရှိနေသေးမှန်း သိလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now