142

5.1K 1K 27
                                    

Unicode

“ရင်းဆုယဲ့.. မတွေ့တာကြာပြီ..!”

ရင်းဆုယဲ့ရဲ့ တိုက်ခိုက်မှုကို အသာခုခံလိုက်ပြီးနောက် ဟွမ်ပေ့ချန်က တောက်ပစွာ ပြုံးပြလာတယ်။ တက်ကြွဖော်ရွေတဲ့ မျက်နှာအမူအရာက မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းကောင်းကို နှုတ်ဆက်နေသလိုပဲ။

လက်ရှိဟွမ်ပေ့ချန်အတွက် ရင်းဆုယဲ့နဲ့ မတွေ့ဖြစ်တာကြာပြီဆိုတာ အမှန်ပါပဲ။ ဒါမှမဟုတ် ရင်းဆုယဲ့ကို သတ်ပြီးကတည်းက မတွေ့ဖြစ်ခဲ့တာလို့ ဆိုနိုင်တယ်။ ဒါကြောင့် ရင်းဆုယဲ့ကို တွေ့လိုက်ရတဲ့အချိန် အံ့ဩသွားတယ်။ ပိုပြီးအံ့ဩစေတာက သူသေပြီးနောက် ထပ်မံရှင်သန်ခွင့်ရလိုက်သလို အတိတ်ကာလကို ပြန်ရောက်လာခဲ့တာပဲ။

“အင်း.. မတွေ့တာကြာပြီ..!”

ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်က အသာအယာ ကော့ညွတ်သွားပြီး အပြုံးယဲ့ယဲ့တစ်ခု ဖော်ဆောင်လာခဲ့တယ်။ သူပြန်လည်မွေးဖွားလာတာကို ဟွမ်ပေ့ချန် သိသလား၊ မသိဘူးလားဆိုတာ သူ,မသိပေမယ့် လက်ရှိဟွမ်ပေ့ချန်ကတော့ ပြန်လည်မွေးဖွားလာတာ သေချာတယ်။

“ဒါပေမဲ့ အခု သေလိုက်တော့..!”

ရင်းဆုယဲ့က ပြောရင်းဆိုရင်း ဟွမ်ပေ့ချန်ကို ထပ်မံတိုက်ခိုက်လိုက်တယ်။

ဒီတစ်ခေါက်တော့ ရင်းဆုယဲ့က သူ့ရဲ့စွမ်းအင်ကို ထိန်းချုပ်မထားတော့ဘူး။ အဆင့်တူပြိုင်ဘက်ဖြစ်တဲ့ ဟွမ်ပေ့ချန်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဆိုတော့ ထိန်းချုပ်နေစရာလည်း မလိုတော့ဘူး။

အစောပိုင်းက အားနည်းသူကို အနိုင်ကျင့်မိသလို ခံစားခဲ့ရတယ်။ ပြီးတော့ ဟွမ်ပေ့ချန်ကို သတ်ဖြတ်နိုင်ခဲ့ရင်တောင် သူ့ကို သတ်ခဲ့တဲ့ ဟွမ်ပေ့ချန်မဟုတ်တာကြောင့် စိတ်ထဲကျေနပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ပြန်လည်မွေးဖွားလာတဲ့၊ သူနဲ့အဆင့်တူ ကြီးမြတ်သောဘုရင်အဆင့် ဟွမ်ပေ့ချန်နဲ့ ရင်ဆိုင်လိုက်ရတာကြောင့် လက်စားချေဖို့ကို ငဲ့ညှာမနေတော့ဘူး။

“ရင်းဆုယဲ့.. ဘာလို့ တွေ့တာနဲ့ သတ်ချင်နေရတာလဲ..?”

ဟွမ်ပေ့ချန်က ပြန်လည်မွေးဖွားလာရုံသာ ရှိသေးတယ်။ ထို့ကြောင့် လက်ရှိဘဝရဲ့ မှတ်ဉာဏ်တွေကို မရသေးတဲ့အပြင် လက်ရှိအခြေအနေကိုလည်း နားမလည်သေးဘူး။ ရင်းဆုယဲ့ သူ့ကို ဘာလို့သတ်ချင်နေမှန်း မသိသေးသလို လက်ရှိဘဝနဲ့ အတိတ်ဘဝရဲ့ ကွာခြားချက်တွေကိုလည်း သတိမပြုမိသေးဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now