130

6.2K 1.2K 58
                                    

Unicode

“ရောက်လာတဲ့လူတွေက သခင့်ကို ‘ကြင်ယာတော်ရွေးပွဲ’ ကျင်းပဖို့ တိုက်တွန်းနေကြလို့ပါ..!”

မြေခွေးခမျာ ထိုစကားပြောပြီးတာနဲ့ သူ့သခင်ရဲ့မျက်စိအောက်ကနေ ချက်ချင်း ပျောက်ကွယ်သွားချင်တော့တယ်။ ဒါပေမဲ့ သူရဲ့သခင်က ထွက်သွားဖို့ မပြောသေးတာကြောင့် ထွက်မသွားရဲဘူး။ ထိုနေရာမှာသာ ခြေစုံရပ်နေရင်း သခင်ဖြစ်သူရဲ့ ရေခဲရိုက်အကြည့်၊ ရွှယ်ယို့ရှန်းရဲ့ အမေးမျက်ဝန်းတွေကြား ဗျာများနေရတယ်။

လျှို့ဝှက်သက်တော်စောင့်တွေရဲ့ ခေါင်းဆောင်အဖြစ်ကနေ ဘုရင့်အနီးကပ်ကိုယ်ရံတော်ခေါင်းဆောင်အထိ ရာထူးတိုးလာပေမယ့် သူ့ရဲ့ဘဝက ဘာလို့ဒီလောက်ခါးသက်နေရတာလဲ..?

သခင်က လက်အောက်ငယ်သားတွေရဲ့  စိတ်ကောင်းစေတနာကို လျစ်လျူရှုတတ်လွန်းလို့ သတင်းမပို့ခင် ကြိုတင်သတိမပေးခဲ့မိတာ။ ပြောရမယ်ဆိုရင် သခင့်ထံ သတင်းပို့တဲ့အချိန်တိုင်း ရွှယ်ယို့ရှန်းက အနားမှာ ရှိနေတတ်တယ်လေ။ ပြီးတော့ ရွှယ်ယို့ရှန်းအရှေ့မှာ ဘာမဆိုအကုန်ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ သခင်က ရွှယ်ယို့ရှန်းအပေါ် ဘာဆိုဘာမှ ဖုန်းကွယ်မထားတတ်လို့ပဲ။

ဒီတစ်ခေါက်တော့ ချက်ချင်းမပြောပဲ ရွှယ်ယို့ရှန်းရှေ့မှာ မပြောချင်ကြောင်း အရိပ်အကဲပြလိုက်တယ်။ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူကို သူ့ရဲ့သခင် သတိထားမိဖို့ မျှော်လင့်ခဲ့တာ။ နောက်မှ သူ့ကိုသီးသန့်ခေါ်ပြီး ဆွေးနွေးရင် ရွှယ်ယို့ရှန်း မသိလိုက်ပဲ ‘ကြင်ယာတော်’ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လေ။

ရလဒ်ကတော့ သူ့သခင်က သူ့ကိုလှည့်ကြည့်ဖို့တောင် ပျင်းရိနေပြီး ရွှယ်ယို့ရှန်းကိုပဲ အာရုံစိုက်နေလေရဲ့။ သူ့သခင်အစား ရွှယ်ယို့ရှန်းက သူ့ရဲ့အပြုအမူကို သတိပြုမိသွားပြီး မေးမြန်းလာခဲ့တယ်။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူတို့သခင် နန်းတက်ပြီးနောက်မှာ ရွှယ်ယို့ရှန်းကို နှင်ထုတ်ဖို့နဲ့ ကြင်ယာတော်ရွေးပွဲ ကျင်းပဖို့ မကြာခန ဖိအားပေးလာကြတယ်။ ကိစ္စတော်တော်များများကိုတော့ သူကပဲ ကြားဝင်ဖြေရှင်းပေးလိုက်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက သခင်နဲ့တွေ့လို့ရအောင် ကြိုးစားလာကြတယ်။ နောက်တော့ သခင်က ငြင်းပယ်လွန်းလို့ ငြိမ်သွားကြပြန်ရော။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now