134

5.6K 1K 56
                                    

Unicode

“ဘယ်လို အကြောင်းရင်းကြောင့်များလဲ..?”

မှူးမတ်ကြီးတွေက စိတ်ပြင်ဆင်ပြီးနောက် ရွှယ်ယို့ရှန်းရဲ့ ‘ကျောက်တုံးမရင်း ကိုယ့်ခြေထောက်ကိုယ်ပြန်ပိမယ့်အချိန်’ကို စောင့်မျှော်နေကြတယ်။

(TN : ‘ကျောက်တုံးမရင်း ကိုယ့်ခြေထောက်ကိုယ်ပြန်ပိတယ်’ဆိုတာ ‘ကိုယ့်ရှူးကိုယ်ပတ် ကိုယ့်အတတ်ကိုယ်စူး’ဆိုတဲ့ ဆိုရိုးနဲ့ အတူတူပါပဲ၊ ရွှယ်ယို့ရှန်း သူ့စကားနဲ့သူ ပြန်ခံရမယ့်အချိန်ကို စောင့်နေကြတာပေါ့။)

“ကြင်ယာတော်ရွေးပွဲဆိုမှတော့ တစ်လောကလုံးမှာ အတော်ဆုံး၊ ပြီးတော့ သူမတူအောင် ထူးချွန်တဲ့လူမျိုးကို ရွေးချယ်သင့်တယ်လေ.. ဟုတ်တယ်မလား..?”

ရွှယ်ယို့ရှန်းကတော့ ထိုလူတစ်စု ဘယ်လိုပဲကြံစည်နေပါစေ၊ ဂရုမစိုက်။ မည်သို့ပင်ဆိုစေ သူ့အတွက် သူတို့တွေရဲ့ ခွင့်ပြုချက်ဆိုတာ အရေးမပါဘူး။

“သေချာတာပေါ့..!”

လူတိုင်းက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလာကြတယ်။

ကြင်ယာတော်ရွေးပွဲက သူတို့တွေကြားက အာဏာလုပွဲဆိုပေမယ့် သူတို့ရဲ့ကိုယ်စားပြု ပြိုင်ပွဲဝင်တွေကို ဖြစ်သလိုရွေးချယ်ခဲ့ကြတာ မဟုတ်ဘူး။ ဘယ်လိုပဲပြောပြော သူတို့ရွေးချယ်ထားတဲ့ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဝင်တွေနဲ့ ဘုရင်မင်းမြတ်ကို ဆွဲဆောင်ချင်သေးတယ်လေ။ ဆွဲဆောင်နိုင်ခဲ့ရင် သူတို့အတွက် အကျိုးအမြတ်ချည်းပဲ။ အဲ့တာကြောင့် ဆွဲဆောင်မှုအရှိဆုံး၊ အတော်ဆုံး၊ ညှို့ယူနိုင်စွမ်းအကောင်းဆုံး ဆိုတဲ့လူတွေကိုပဲ ရွေးချယ်ခဲ့ကြတယ်။

“ခင်ဗျားတို့ကြည့်ရတာ တော်တော်လေး ယုံကြည်ချက်ရှိပုံပဲနော်..?”

ရွှယ်ယို့ရှန်းက အလွန်အံ့ဩနေဟန်နဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ထဲမှာတော့ နှာခေါင်းရှုံ့နေခဲ့တယ်။ ဘယ်လိုပဲပြောပြော မျက်နှာဖြတ်မရိုက်ခင် စကားလုံးလှလှလေးတွေနဲ့ တန်ဆာဆင်ရဦးမှာပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now