67

8.5K 1.7K 118
                                    

Unicode

ရင်းဆုယဲ့က သူ့ကိုအိပ်ဖို့ ပြောလာတဲ့အချိန် ရွှယ်ယို့ရှန်းလည်း ချက်ချင်း သတိကပ်လိုက်တယ်။ ဘာမှတောင်မပြောရသေးဘူး၊ ရင်းဆုယဲ့က စကားပြောနေတာကို အတင်းရပ်ပစ်လိုက်တယ်လေ။ အရမ်းထူးဆန်းနေတယ်။ ပြီးတော့ သူ့ကိုအိပ်ဖို့ပြောနေတဲ့ ရင်းဆုယဲ့ကိုယ်တိုင်က အိပ်ဖို့အစီအစဉ်ရှိသေးပုံမပေါ်ဘူး။ သူ့ကိုပဲ အတင်းအိပ်ခိုင်းနေတာ။ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် မျက်နှာသစ်တာ၊ သွားတိုက်တာ၊ ညဝတ်အင်္ကျီလဲတာကိုတောင် မလုပ်ခိုင်းတော့ဘူး။

ပြီးတော့ ရင်းဆုယဲ့က သူ့ကို အိပ်ဖို့ပြောလိုက်တာနဲ့ သူ ချက်ချင်းအိပ်ငိုက်ကျသွားခဲ့တယ်။ ရင်းဆုယဲ့က ဘာလုပ်ချင်နေတာလဲ..? တစ်ခုခုတော့ မူမမှန်ဘူး။ သူက ကလေးမှမဟုတ်တာ၊ ဒီလိုသိသာနေတာကို သတိလက်လွတ်မနေနိုင်ဘူးလေ။

ပိုပြီးသိသာစေတဲ့အချက်က ဒီလိုကိစ္စမျိုး အရင်တစ်ခေါက်ကလည်း ကြုံဖူးခဲ့တာပဲ။ သူမှတ်မိသလောက်ဆို မြူနှင်းတောအုပ်ထဲမှလည်း တစ်ခါဖြစ်ခဲ့ဖူးတယ်။ သူ့မှာရင်းဆုယဲ့ကို ပြောစရာစကားတွေ အများကြီးရှိနေခဲ့ပေယ့် ရင်းဆုယဲ့က 'အိပ်တော့'လို့ ပြောလိုက်တာနဲ့ တစ်ခါတည်း တန်းအိပ်ပျော်သွားခဲ့တယ်။ အဲ့တာကြောင့် ဒီတစ်ခေါက်တော့ သံသယမဝင်ဘဲ မနေနိုင်တော့ဘူး။ ဒီလိုမျိုး ထပ်ဖြစ်ပုံထောက်တော့ ရင်းဆုယဲ့မှာ သူ့ကိုဖုံးကွယ်ထားတာ တစ်ခုခုရှိနေပြီ။

ပထမတစ်ခေါက်တည်းဆို တိုက်ဆိုင်တာ ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ ဒုတိယတစ်ခေါက် ထပ်ကြုံလာရရင်တော့ တိုက်ဆိုင်တာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ သူပြောနေကျစကားတစ်ခွန်းကိုသုံးပြီး ဒီအခြေအနေကိုဖော်ပြရမယ်ဆိုရင်...

'ဒီကမ္ဘာပေါ်မှာ တိုက်ဆိုင်တယ်ဆိုတဲ့အရာမရှိဘူး၊ အရာအားလုံးဟာ ဖြစ်ချိန်တန်လို့ ဖြစ်လာတာတွေချည်းပဲ..'

ရင်းဆုယဲ့ ဘာတွေဖုံးကွယ်ထားသလဲဆိုတာ သိရအောင် သူလည်း ရေလိုက်ငါးလိုက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ခန့်မှန်းမိသလောက်ဆို ရင်းဆုယဲ့က သူ့ကိုမြန်မြန်အိပ်ပျော်စေချင်တာဆိုတော့ သူ,သတိမထားမိအောင် အိမ်မွေ့ချမန္တာန်ကို သုံးလိမ့်မယ်။ မန္တာန်က သိပ်မပြင်းဘူး။ သူသာ,သတိရှိနေရင် လုံးဝအိပ်ပျော်သွားမှာမဟုတ်ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now