86

7K 1.4K 63
                                    

Unicode

“ဟော်လင်းယွင်.. အလောင်းတစ်ခုအတွက် အချိန်ကုန်ခံပြီး လက်စားချေနေမယ့်အစား အသက်ရှင်နေသေးတဲ့ ခင်ဗျားရဲ့ တရားမဝင်ကလေးကို သွားဂရုစိုက်ပါလား..?”

မျက်နှာထောက်ထားစရာ မလိုမှတော့ ရွှယ်ယို့ရှန်းလည်း ဘာမှဖုံးကွယ်မနေတော့ပဲ ပြောချလိုက်တယ်။

“မင်းဘာပြောတယ်..?”

ရင်းဆုယဲ့ကို ဖမ်းဆီးဖို့သာ အာရုံစိုက်နေတဲ့ ဟော်လင်းယွင်တစ်ယောက် ခြိမ်းခြောက်ဟန်အပြည့်နဲ့ ထုတ်ဖော်ပြောလာတဲ့ ရွှယ်ယို့ရှန်းကို လှည့်ကြည့်လိုက်မိတယ်။ တစ်ချိန်လုံး မော်ကြွားနေခဲ့တဲ့ သူ့ရဲ့မျက်နှာကလည်း ရက်စက်ယုတ်မာမှုများနဲ့ ပြည့်နှက်လာခဲ့တော့တယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကို ဒီကောင်လေး တကယ်သိနေသည်ဖြစ်စေ၊ လျှောက်ပြောနေတာဖြစ်စေ၊ အသက်ရှင်ခွင့်မပေးနိုင်တော့ဘူး..!

ဟော်လင်းယွင်ဆိုတဲ့သူက သူ့ရဲ့လျှို့ဝှက်ချက်ကို တစ်ပါးသူ ဆုပ်ကိုင်ထားမယ့်အဖြစ်မျိုး လုံးဝခွင့်မပြုနိုင်ဘူး..! အထူးသဖြင့် သူ့ရဲ့မိသားစုကို ပြန်လည်ပြင်ဆင်လို့မရလောက်အောင် ထိခိုက်သွားစေလောက်မယ့် လျှို့ဝှက်ချက်မျိုးဆိုရင်ပေါ့..!

“ကျွန်တော်က ခင်ဗျားရဲ့ တရားမဝင်ကလေးအကြောင်း ဆွေးနွေးကြည့်ချင်ရုံပါ..!”

ရွှယ်ယို့ရှန်းက မျက်လုံးကို အသာပင့်လိုက်ပြီး လူယုတ်မာပြုံး ပြုံးလိုက်တယ်။ ပြီးနောက် ဟော်လင်းယွင်ကို စိတ်ဆွတဲ့အနေနဲ့ ‘တရားမဝင်ကလေး’ ဆိုတဲ့စကားလုံးကို တမင်ဖိပြောလိုက်တယ်။

“အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့တော့..!”

ဟော်လင်းယွင်က သဘောထားကြီးသလို ပြန်ပြောနေခဲ့သော်လည်း သူ့ရဲ့ မျက်နှာအမူအရာကို တခြားလူတွေ မရိပ်မိအောင် မနည်းထိန်းချုပ်ထားရတယ်။ တကယ်တော့ တရားမဝင်ကလေးဆိုတာ မျိုးရိုးမြင့်လူတန်းစားတွေအတွက် သိပ်မထူးဆန်းပါဘူး။ သို့သော်ငြား ဒီကိစ္စကို မပေါက်ကြားစေချင်ဘူး။ အထူးသဖြင့် ရင်းမင်အရှေ့မှာဆိုတော့ လိပ်ပြာမလုံသလို ခံစားလာရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now