31

10.5K 2K 70
                                    

Unicode

သိပ်မကြာခင်မှာပဲ ရင်းဆုယဲ့နဲ့ ရွှယ်ယို့ရှန်းတို့နှစ်ယောက် သူတို့ရဲ့ ဦးတည်ရာဖြစ်တဲ့ စမ်းချောင်းနံဘေးကို ရောက်သွားခဲ့တယ်။ ရွှယ်ယို့ရှန်းမှာ စမ်းချောင်းထဲ အလင်းပြန်နေတဲ့ သူ့ရဲ့ပုံရိပ်ကိုကြည့်ပြီး အပျော်တွေ ပျောက်ဆုံးသွားရတယ်။

ဒါက သူ့ရဲ့ လက်ရှိပုံစံပေါ့..? နီနီရဲရဲ နှုတ်ခမ်းလေးတွေနဲ့ ဖြူဖွေးနေတဲ့ သွားတွေ.. ခြုံကြည့်လိုက်ရင် ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးပဲ။ ခန္ဓာကိုယ်သေးကွေးပြီး ကလေးတစ်ယောက်ဖြစ်သွားမှန်း သိနေပေမယ့်လည်း ဒီလိုမျိုး အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးရဲ့ ခန္ဓာကိုယ်ထဲ ဝိဉာဉ်ကူးပြောင်းလာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး..!

သူ့ရဲ့ မူလပုံစံက ဒီလိုချစ်စရာကောင်းတဲ့ ပုံစံမျိုးမဟုတ်တော့ သူကိုယ်တိုင်တောင် ဒီမျက်နှာလေးကြည့်ပြီး ကျဆုံးသွားလုမတတ်ပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက သူ ဒီလိုချစ်စဖွယ်ပုံစံလေးနဲ့ မနေချင်ပါဘူး။ သူဖြစ်ချင်တာက စွဲမက်ဖွယ်ကောင်းသလို သီးခြားဆန်ပြီး မြင့်မြတ်ထည်ဝါတဲ့ အရှိန်အဝါတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့မူလပုံစံပဲ..!

“ဘာဖြစ်လို့လဲ..?”

ရေထဲကပုံရိပ်ကို အသည်းအသန် စိုက်ကြည့်နေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ရင်းဆုယဲ့လည်း စဉ်းစားရကျပ်သွားတယ်။

“ရင်းဆုယဲ့.. ကျွန်တော် ရုတ်တရက်ကြီး ငါးကင်စားချင်လာတယ်..”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ဒေါသတကြီး မော့ကြည့်လိုက်တယ်။ သူက မြင့်မြတ်တဲ့အရှိန်အဝါ ပျောက်သွားလို့ ဝမ်းနည်းပက်လက် ဖြစ်နေတဲ့အချိန် ရေထဲကငါးတွေက ဘာကိစ္စ  ပျော်ပျော်ပါးပါး ကူးခတ်နေကြတာတုန်း..? အခု သူ မပျော်တော့ဘူး။ အကြောင်းပြချက်မရှိ ပြဿနာရှာချင်နေပြီ..!

“မင်းစားနိုင်လို့လား..?”

အစောပိုင်း အသားကင်စားတုန်းကလို မဖြစ်ရလေအောင် ရင်းဆုယဲ့က သေသေချာချာ ထပ်မေးလိုက်တယ်။

“စားနိုင်တယ်..”

ရွှယ်ယို့ရှန်း အာမခံလိုက်ပေမယ့် သူ့နှလုံးသားထဲမှာတော့ မသေချာဘူး။ အသားကင်စားရမယ်လို့ တွေးလိုက်တာနဲ့ မော်ဒန်ခေတ်က အချိန်ကို ပြန်တွေးမိပြန်ရော။ အဲ့တုန်းကဆို အသားစားတိုင်း အော်ဂလီဆန်လာပြီး တစ်ချိန်လုံး ငြင်းပယ်နေတတ်တာ။ ဘာလို့လဲဆိုတော့ သူက သွေးထွက်သံယိုကိစ္စတွေနဲ့ ဘယ်တော့မှ အသားမကျခဲ့ဘူးလေ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now