110

7.4K 1.4K 142
                                    

Unicode

“ကျွန်တော် ၄၈ ရက်လုံးလုံး သတိလစ်နေခဲ့တာလည်း ခင်ဗျားစီစဉ်ထားခဲ့တာပေါ့..?”

ရွှယ်ယို့ရှန်းခမျာ ရင်းဆုယဲ့က လျှို့ဝှက်ကြံစည်ခြင်းမျက်မှန်ကို ဝတ်ဆင်ထားသလို ခံစားလိုက်ရတယ်။

ဘာပဲပြောပြော ရင်းဆုယဲ့ရဲ့ စကားလုံးတွေထဲကနေ တစ်စုံတစ်ရာကို နားလည်သွားခဲ့ပြီ။ အဲ့တာက ဘာလဲဆိုတော့ သူက အကြိမ်ပေါင်းများစွာ ရင်းဆုယဲ့ရဲ့ လျှို့ဝှက်စမ်းသပ်ချက်တွေကို ရင်ဆိုင်နေခဲ့ရတာပဲ။ အဆိုးဆုံးကတော့ ဘာတစ်ခုကိုမှ သူ,မသိလိုက်ဘူး..!

“ဟုတ်တယ်..” ရင်းဆုယဲ့က ဝန်ခံလိုက်တယ်။

သူက အများကောင်းကျိုးသယ်ပိုးပြီး နာမည်မချန်ထားတတ်တဲ့ တချို့သောလူတွေလိုမဟုတ်ဘူး။ ကောင်းတာလုပ်ပြီးရင် သူက ‘ရွှယ်ယို့ရှန်းအပေါ်’ ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာ ကောင်လေးကို ရှင်းရှင်းလင်းလင်း သိခွင့်ပေးရမှာပေါ့။

(TN : ‘ရွှယ်ယို့ရှန်းအပေါ်’ ‘ရွှယ်ယို့ရှန်းအပေါ်’ ‘ရွှယ်ယို့ရှန်းအပေါ်’
အရေးကြီးတဲ့အတွက် သုံးခါပြောပါမယ်။ အများကောင်းကျိုးလို့ မထင်ပါနဲ့။)

“တကယ်လို့ ကျွန်တော်ရောက်မလာခဲ့ဘူးဆိုရင် ခင်ဗျားရဲ့ ‘ကိုယ့်ကိုယ်ကို အနစ်နာခံပြီး ရန်သူရဲ့စိတ်ကိုလှည့်စားခြင်း’ အကြံအစည်က ကျရှုံးသွားမှာပေါ့နော်..?”

တကယ်လို့သာ သူနိုးနိုးချင်း ရင်းဆုယဲ့ကိုသွားရှာဖို့ မရွေးချယ်ခဲ့ဘူးဆိုရင် ရင်းဆုယဲ့ရဲ့ ၄၈ ရက်ကြာ နာကျင်ခံစားခဲ့ရတာတွေက အလဟဿဖြစ်ကုန်တော့မှာပဲ..!

“‘တကယ်လို့’ ဆိုတာမရှိဘူး.. မင်းဒီကိုရောက်လာခဲ့ပြီလေ..”

ရင်းဆုယဲ့က ခေါင်းငုံ့လိုက်ကာ ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေထဲကို စိုက်ကြည့်လိုက်တယ်။

ကောင်လေးက သူ့ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး။ ဒီတစ်ခေါက်တော့ သူယုံကြည်သွားပြီ၊ ကောင်လေးက သူ့ကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူး။ သူက အတော်လေး စက်ဆုပ်ဖွယ်ကောင်းတယ်ဆိုတာ ဝန်ခံပါတယ်။ ကောင်လေးရဲ့ ကြင်နာတတ်တဲ့စိတ်ထားကို အခွင့်ကောင်းယူခဲ့မိတယ်။ ကောင်လေးအပေါ် အများကြီး စမ်းသပ်ခဲ့မိတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now