115

6.9K 1.3K 24
                                    

Unicode

ရွှယ်ယို့ရှန်းကို လျှို့ဝှက်စခန်းဆီ ပြန်ရန် ဖျောင်းဖျပြီးနောက် ရင်းဆုယဲ့က မြေခွေးကို ခြေရာလက်ရာမကျန်အောင် ရှင်းခိုင်းလိုက်တယ်။ အကျဉ်းထောင်ထဲက ပစ္စည်းမှန်သမျှကို နေရာတကျ ပြန်ထားလိုက်ပြီး သတိလစ်နေဆဲဖြစ်တဲ့ အကျဉ်းထောင်စောင့်ဘက် လှည့်လိုက်တယ်။

'ကံကြမ္မာကူးပြောင်းခြင်း'ကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ဖို့အတွက် အကျဉ်းထောင်စောင့်ကို အသက်ချမ်းသာခွင့် ပေးလိုက်တာဖြစ်သည်။ အကျဉ်းထောင်စောင့်ရဲ့ မှတ်ဉာဏ်တွေကို အစားထိုးလို့ရတယ်။

ထိုစဉ်တစ်ခဏ ရင်းဆုယဲ့ရဲ့ အရောင်ကွဲမျက်ဝန်းအစုံက အနက်ရောင်အလင်းတန်းတွေဖြင့် ဖုံးလွှမ်းသွားတယ်။ သူ့ရဲ့အစီအစဉ်တွေကို နည်းနည်းလေးမှ မထိခိုက်ရအောင် ဝိဉာဉ်စွမ်းအားကို အသုံးပြုပြီး အကျဉ်းထောင်စောင့်ရဲ့ မှတ်ဉာဏ်တွေကို အတင်းအကျပ် ပြုပြင်လိုက်တယ်။

ရင်းဆုယဲ့ရဲ့ဟန်ပန်က အနှီလုပ်ငန်းစဉ်နဲ့ အကျွမ်းတဝင်ရှိနေပုံပေါ်ပြီး အကြိမ်ပေါင်းများစွာ လုပ်ဖူးပုံရတယ်။ ဒါပေမဲ့ လက်ရှိရင်းဆုယဲ့ရဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အမူအရာက ရွှယ်ယို့ရှန်းကို အိပ်မွေ့ချစဉ်က ဘေးထွက်ဆိုးကျိုး နည်းနည်းလေးတောင်မရှိတဲ့ အပြုအမူနဲ့ အလွန်ကွာခြားနေတော့တယ်။

အကယ်၍သာ လက်လွန်ခြေလွန်ဖြစ်ပြီး သံသယဝင်ခံရမှာကို မစိုးရိမ်ဘူးဆိုရင် သူ့ကိုနှိပ်စက်ခဲ့တဲ့ ထိုအကျဉ်းထောင်စောင့်ကို ဤမျှအထိ သက်ညှာပေးမှာ မဟုတ်ဘူး။ စိတ်ဝိဉာဉ်ကို တိုက်ခိုက်ပြီး အသိစိတ်တစ်ခုလုံး ရှုပ်ထွေးသွားရအောင် လုပ်ပစ်မိလိမ့်မယ်။

အကျဉ်းထောင်စောင့်ကို ဦးနှောက်ဆေးပြီးနောက် မူလနေရာကို ပြန်ပို့ပေးလိုက်ပြီး သူ့ရဲ့အာရုံကြောများကို ဝိဉာဉ်စွမ်းအားဖြင့် နှိုးဆွပေးလိုက်တယ်။ အကျဉ်းထောင်စောင့်က မကြာခင် ပြန်လည်သတိရတော့မှာဆိုတော့ ရင်းဆုယဲ့လည်း သံတိုင်ပေါ်တက်ပြီး သံကြိုးတွေနဲ့ သူ့ကိုယ်သူ ပြန်လည်ချည်နှောင်ကာ မျက်ဝန်းမှိတ်လိုက်သည်။ ထို့နောက် သူ့ရဲ့အတွေ့အထိ အာရုံကြောတွေကို ပိတ်ဆို့ကာ အကျဉ်းထောင်စောင့်ကို လျစ်လျူရှုထားလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now