28

10.4K 2K 115
                                    

Unicode

“မင်းကို ပေးမယ်..”

သူ့ကို မျက်တောင်မခပ်တမ်း စိုက်ကြည့်နေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ရင်းဆုယဲ့က ကောင်လေး ဗိုက်ဆာနေပြီလို့ ထင်မြင်သွားခဲ့တယ်။ ထို့ကြောင့် သူ့လက်ထဲက လတ်လတ်ဆတ်ဆတ် ကင်ထားပြီးသား ဝံပုလွေအသားကင်တစ်ချောင်းကို ကမ်းပေးလိုက်တယ်။ စားလို့ရပြီဆိုတဲ့ သဘောမျိုးပေါ့။ ထို့နောက် ထိုင်ချလိုက်ပြီး ဝံပုလွေအသားတွေကို ဆက်ကင်နေလေရဲ့။

“…………..”

အကင်တစ်ချောင်း ပေးလာသည့်တိုင်အောင် ရွှယ်ယို့ရှန်းမှာ ပြန်လည်တုံ့ပြန်ဖို့ မေ့လျော့နေလေပြီး ရင်းဆုယဲ့ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေတုန်းပဲ။

ပြောရမယ်ဆိုရင် ဒီလိုဆွတ်ပျံ့ကြည်နူးဖွယ်နေရာမျိုးကို ရောက်လာတဲ့အချိန်က စပြောရတော့မှာပေါ့။ ဒီကိုရောက်တာနဲ့ ရင်းဆုယဲ့က သူ့ကို သက်သောင့်သက်သာရှိတဲ့ မြက်ခင်းပေါ်မှာ အနားယူစေခဲ့တယ်။ ပြီးတော့ သူလည်း အနားမှာထိုင်ရင်း ရင်းဆုယဲ့ လုပ်ဆောင်သမျှကို ငေးကြည့်နေခဲ့မိတယ်။

ရင်းဆုယဲ့က သိုလှောင်လက်စွပ်ထဲကနေ ဝံပုလွေအသေကောင်နဲ့ ဟင်းခပ်အမွှေးအကြိုင်တချို့ ထုတ်ယူလိုက်တာတွေ၊ ကျွမ်းကျွမ်းကျင်ကျင် အမဲဖျက်တာ၊ သန့်စင်တာ၊ တံစို့ထိုးတာ၊ ပြီးတော့ မီးမွှေးတာ၊ အစအဆုံးကို ထိုင်ကြည့်နေမိခဲ့တယ်။

ဒီလိုကျွမ်းကျင်မှုမျိုး၊ ရင်းဆုယဲ့အတွက် ပထမဆုံးမဟုတ်တာ အရမ်းသိသာတာပဲ။ ပထမဆုံးအကြိမ်အဖြစ် ရင်းဆုယဲ့ရဲ့ လုပ်နိုင်စွမ်းအားက သူထင်ထားတာထက် သာလွန်နေတာကို ရွှယ်ယို့ရှန်း ခံစားမိလိုက်တယ်။ ဗီလိန်ဇာတ်ကောင်ကို ပြီးပြည့်စုံအောင် အားကြိုးမာန်တက် ဖန်တီးခဲ့တယ်ဆိုပေမယ့် ရင်းဆုယဲ့ကို အရာရာပြီးပြည့်စုံနေအောင်တော့ မရေးမိခဲ့ပါဘူး..!

ရင်းဆုယဲ့က အသက်ရှင်သန်ရေးနည်းလမ်းတွေကို တတ်မြောက်ထားရုံတင်မကဘူး၊ အသားကင်တာတောင်မှ အရမ်းကို ကျွမ်းကျင်လွန်းနေတယ်။ သူရေးထားတဲ့ဇာတ်လမ်းမှာ ဟာကွက်တွေ ရှိနိုင်ပေမယ့် ဝတ္ထုထဲ ထည့်မရေးထားလို့ ရင်းဆုယဲ့က ဘာမှမတတ်ဘူးလို့တော့ မဆိုလိုပါဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now