44

9.8K 1.9K 47
                                    

Unicode

“ရင်းဆုယဲ့.. ဒီပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပွင့်ကို ခင်ဗျားယူသင့်တယ်..”

ရွှယ်ယို့ရှန်းက သိပ်မကြာခင် ပုံပျက်ပန်းပျက်ဖြစ်တော့မယ့် ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကို ကြည့်ပြီး အလေးအနက်ထားကာ ပြောလိုက်တယ်။ သူ့ရဲ့ လက်ဂနာမငြိမ်ပုံနဲ့ဆို ကြာပန်းက အကောင်းအတိုင်း ရှိနေဖို့ဆိုတာ အာမ,မခံနိုင်တာ့ဘူး။ မတော်တဆ ဖျက်ဆီးမိသွားရင် ဘယ်လိုလုပ်ကြမလဲ..?

အဲ့တော့ ရင်းဆုယဲ့ကိုပေးပြီး စွမ်းအားတွေ စုပ်ယူစေလိုက်တာ ပိုပြီး စိတ်ချရတယ်။ လွေ့ရွယ်ရဲ့ ကြာပန်းအပေါ် ငမ်းငမ်းတက်နေတဲ့ အကြည့်ကိုလည်း မသိချင်ယောင်ဆောင်လိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ရင်းဆုယဲ့ရဲ့ လက်ထဲကို ကြာပန်း ထည့်ပေးလိုက်တော့တယ်။

“ကြာပန်းက မင်းပိုင်တာ..”

ရင်းဆုယဲ့ကို ကြာပန်းကို လက်မခံခဲ့ဘူး။ ခြေစုံရပ်ကာ ရွှယ်ယို့ရှန်းကိုသာ စူးစူးစိုက်စိုက် ငေးကြည့်နေပြီး ကြာပန်းကို ရွှယ်ယို့ရှန်း ပိုင်ဆိုင်သင့်ကြောင်း အလေးအနက် ပြောလာခဲ့တယ်။

“ကျွန်တော် ဒီကြာပန်းကို လိုက်ရှာခဲ့တဲ့ အဓိကအကြောင်းအရင်းက ခင်ဗျားရဲ့စွမ်းအားတွေ တိုးတက်လာအောင်လေ..”

တချို့ကိစ္စတွေမှာ သူ့ရဲ့အတွေးနဲ့ ရင်းဆုယဲ့ရဲ့အတွေးက လုံးဝကွဲပြားနေတယ်။ ရင်းဆုယဲ့နဲ့ ဘယ်လိုမှကို ညှိနှိုင်းလို့မရတာ။ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းလို ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ တကယ်ပဲ အခြေအတင် စကားပြောရတော့မှာလား..?

“ကြာပန်းကိုသုံးပြီး မင်းရဲ့စွမ်းအားကို တိုးတက်လာအောင် လုပ်လို့ရတယ်..”

အစောပိုင်းဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ရွှယ်ယို့ရှန်းရဲ့ စွမ်းအားက အရမ်းနည်းနေတာကို ရင်းဆုယဲ့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ခဲ့တယ်။ ကောင်လေးက သူ့ထက်ပိုပြီး စွမ်းအားမြင့်အောင်လုပ်ဖို့ လိုအပ်နေတယ်။

“ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အနေအထားအရ ကန့်သတ်ချက်တွေ ရှိနေတယ်.. ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းလို ရတနာတွေ သုံးလို့မရဘူး..”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now