59

9K 1.7K 189
                                    

Unicode

အပေါ်ထပ်မှာရပ်နေတဲ့ ရင်းဆုယဲ့က ဟော်ရူယန်ရဲ့ နောင်တရနေတဲ့ အမူအရာကို မတူမတန်သလို ငုံ့ကြည့်လိုက်တယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်ကလည်း အနည်းငယ် တွန့်ကွေးနေခဲ့ပြီး သရော်လှောင်ပြောင်နေသလို ဖြစ်နေလေရဲ့။

ဟော်ရူယန်က သူ့ကို မှတ်မိသွားပေမယ့် ရင်းဆုယဲ့ရဲ့ အမူအရာကတော့ ဘာမှပြောင်းလဲမှုမရှိဘူး။ သူ့ရဲ့ မျက်နှာက အေးစက်မြဲ အေးစက်ဆဲ။ ဟော်ရူယန်ရဲ့ မျက်လုံးတွေထဲက ပြောင်းလဲမှုကို မြင်လိုက်ရတဲ့အချိန် ရင်းဆုယဲ့ရဲ့ မျက်နှာထားက ပိုလို့တောင် အေးစက်လာခဲ့သေးတယ်။

ဟော်ရူယန်… ဒီမိန်းမကများ သူ့ကို ဒီလိုရွံစရာကောင်းတဲ့ အကြည့်မျိုးနဲ့ ကြည့်ရဲတယ်..?!!

ချက်ချင်းဆိုသလို မူလဖိအားထက် နှစ်ဆခန့် ပိုမိုပြင်းထန်တဲ့ ဖိအားတစ်ခုက ဟော်ရူယန်ဆီကို ဦးတည်သွားတော့တယ်။ ရုတ်ချည်း တိုက်ခိုက်ခံလိုက်ရတဲ့ ဟော်ရူယန်လည်း ထပ်ပြီးမခုခံနိုင်တော့ဘူး။ ကြမ်းပြင်ပေါ်ကို ဒူထောက်ကျသွားပြီး သူမရဲ့ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျလာခဲ့တော့တယ်။

ဟော်ရူယန်ခမျာ ရင်းဆုယဲ့က သူမကို ဒီလိုမျိုး ရုတ်တရက် တိုက်ခိုက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ တစ်ချက်တည်းနဲ့ အတွင်းဒဏ်ရာပြင်းပြင်း ရသွားခဲ့တယ်။

“ရင်း..” ဆုယဲ့.. မြန်မြန်ရပ်လိုက်..! ကျွန်မက ဟော်ရူယန်လေ..!

ရင်းဆုယဲ့ရဲ့ ပြင်းထန်တဲ့ အရှိန်အဝါအောက်မှာ ဟော်ရူယန်လည်း စကားတောင် ဆုံးအောင်မပြောလိုက်ရရှာဘူး။ သူမရဲ့ အသံပါ ဖိနှိပ်ခံလိုက်ရတယ်။ သူမရဲ့ လှပနူးညံ့တဲ့ ခန္ဓာကိုယ်လေးကလည်း ပြင်းထန်ရက်စက်တဲ့ ဖိအားအောက်မှာ စတင်တုန်ယင်လာခဲ့တော့တယ်။

အခုအချိန်မှာတော့ ဟော်ရူယန် ကြောက်လန့်လာခဲ့ချေပြီ။ စိုးရိမ်ပူပန်မှုတွေက သူမရဲ့ သွေးကြောတွေအကုန်လုံးကို ရိုက်ခတ်သွားသလိုပဲ။ သူမရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ရာကို ခံစားလိုက်မိတယ်။ လက်ရှိရင်းဆုယဲ့က အရင်ကလို သူမအပေါ် ဂရုစိုက်နွေးထွေးပေးခဲ့တဲ့ ရင်းဆုယဲ့ မဟုတ်တော့ဘူး..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now