161

4.5K 855 8
                                    

Unicode

ရွှယ်ယို့ရှန်းခမျာ ကန့်ကွက်ချိန်တောင် မရလိုက်ဘဲ မိစ္ဆာနယ်မြေကို ဆွဲခေါ်ခံလိုက်ရတယ်။

အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဟွမ်ထျန်ရဲ့ပိုင်နက်ဖြစ်တဲ့ မိစ္ဆာနယ်မြေကို လုံးဝမသွားချင်ဘူး။ ရင်းဆုယဲ့နဲ့ အချိန်အတော်ကြာ ခွဲခွာနေရမယ့်အပြင် ရင်းဆုယဲ့ကလည်း မိစ္ဆာနယ်မြေအထိ သူ့ကိုလိုက်ရှာဖို့ဆိုတာ သိပ်မလွယ်ကူဘူးလေ။ မိစ္ဆာနယ်မြေရဲ့ ဝင်ပေါက်ကို ရှာတွေ့ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဟွမ်ပေ့ချန် လမ်းညွှန်ပေးခဲ့ရင်တောင် မိစ္ဆာနယ်မြေရဲ့ ဝင်ပေါက်ကို ဒီအတိုင်းဖြတ်သွားလို့မှမရတာ။

တကယ်တော့ ရွှယ်ယို့ရှန်းမှာ အတွေးတစ်ခုရှိခဲ့သေးတယ်။ ရင်းဆုယဲ့သာ တားမြစ်နယ်မြေကတဆင့် မြူနှင်းတောအုပ်ထဲက ကျောက်သားခန်းမထဲကို ရောက်လာခဲ့ရင် သလင်းကျောက်အခေါင်းကနေ မိစ္ဆာနယ်မြေအထိရောက်တဲ့ နေရာပြောင်းအစီအရင်ကို ရှာတွေ့ရင်ရှာတွေ့မှာ။ ဒါပေမဲ့ ဒီနည်းလမ်းက သိပ်မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျောက်သားခန်းမက ဝိဉာဉ်စွမ်းအားနဲ့ ဖန်တီးထားတဲ့ လေဟာပြင်အစီအရင်ထဲ ရှိနေတာဖြစ်ပြီး လူတိုင်းဝင်လို့ရတဲ့နေရာမဟုတ်ဘူး။ အဲ့တာကြောင့် သူနိုးလာတဲ့အချိန် ကျောက်သားခန်းမထဲက ထွက်လာပြီး ရင်းဆုယဲ့နဲ့ နောက်တစ်ခေါက်ပြန်လာတော့ ကျောက်သားခန်းမအစား ရတနာတွေရှိတဲ့အခန်းတစ်ခုပဲ ရှာတွေ့ခဲ့တာပေါ့။ လေဟာပြင်အစီအရင်တွေက အလိုလိုကွယ်ဝှက်တတ်ကြတယ်။

ဒီလိုမျိုးတွေ တွေးနေပေမယ့် ရင်းဆုယဲ့ကို မိစ္ဆာနယ်မြေအထိ လိုက်မလာစေချင်ဘူး။ သူ့ကို လာမကယ်စေချင်ဘူး။ ရန်သူ့နယ်မြေထဲ လိုက်လာလို့ ဘာကောင်းကျိုးမှ မရှိဘူးလေ။ အထူးသဖြင့် ဟွမ်ထျန်ရဲ့အာဏာစက်ကို တွေ့ပြီးနောက်မှာ သူ့ကြောင့် ရင်းဆုယဲ့ကို အန္တရာယ်မဖြစ်စေချင်ဘူး။

မိစ္ဆာတွေရဲ့ ဟွမ်ထျန်အပေါ် ခြွင်းချက်မရှိ သစ္စာရှိမှုက လုံးဝကြက်သီးထစရာကြီး..!

ဟွမ်ပေ့ချန် ပြောပုံအရဆို မိစ္ဆာနယ်မြေတစ်ခုလုံးက ဟွမ်ထျန်ကို သူတို့ရဲ့ကိုးကွယ်ရာလို၊ ယုံကြည်အားထားရာလို သတ်မှတ်ထားကြတာတဲ့။ မိစ္ဆာနယ်မြေကို ရောက်ရောက်ချင်း နေရာပြောင်းအစီအရင်ရှေ့ မတ်တပ်ရပ်နေကြတဲ့ မိစ္ဆာတွေရဲ့ အပြုအမူကို မှတ်မိပါသေးရဲ့။ နတ်ဘုရားတစ်ပါး မြင်လိုက်ရသလို မူးမိုက်တွေဝေနေတဲ့ အမူအယာမျိုးတွေနဲ့။ သူတို့ရဲ့နှလုံးသားထဲက ဟွမ်ထျန်အပေါ် ကျိုးနွံ့ရိုသေမှု၊ ကြည်ညိုလေးစားမှုတွေက တကယ့်ကို ထိတ်လန့်စရာကောင်းတယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now