43

10.4K 1.9K 90
                                    

Unicode

ရင်းဆုယဲ့အကြောင်း ပြောရမယ်ဆိုရင် သူ့ရဲ့ စာချုပ်ချုပ်တဲ့ စွမ်းရည်က သာမန်မဟုတ်ဘူး။ သူလုပ်သမျှတိုင်းက ပုံမှန်ထက် ပိုပြီးအစွမ်းထက်တယ်။

စာချုပ်ချုပ်ရမယ့် အဓိကလူတစ်ယောက်အနေနဲ့ ရွှယ်ယို့ရှန်းခမျာ ငြင်းဆန်နေချိန်တောင် မရလိုက်ရှာဘူး။ သူ့လက်ကို ရင်းဆုယဲ့က ဆွဲယူသွားခဲ့ပြီ။ ညင်သာတဲ့ ရှရာတစ်ချက်နဲ့အတူ သွေးစက်တစ်စက် ပျံထွက်သွားပြီး ပါရှားကြောင်ရဲ့ နဖူးထဲကို တိုးဝင်သွားတော့တယ်။

ပါရှားကြောင်လေးက ခုခံခြင်းမပြုတဲ့အပြင် သွေးစက်ကို သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းစေလိုက်တယ်။ ရုတ်တရက် မျက်စိကျိန်းစပ်လောက်တဲ့ အလင်းတန်းတွေက ကြောင်လေးနဲ့ လူတစ်ယောက်ကြားမှာ ယှက်နွယ်သွားခဲ့တယ်။

အလင်းပျောက်ကွယ်သွားချိန်မှာတော့ သွေးစာချုပ်က ပြီးမြောက်သွားခဲ့ချေပြီ။ ရွှယ်ယို့ရှန်းရဲ့ စိတ်နယ်မြေထဲမှာ ရုတ်ချည်း သူ့သားရဲလေးရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့ တစ်စုံတရာ ပေါ်ထွက်လာခဲ့လေတယ်။

“Meow..!”

စာချုပ်ချုပ်ဆိုပြီးတာနဲ့ သူ့သခင်ရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝ ရောက်သွားပြီဆိုတာကို ပါရှားကြောင်လေး နားလည်လိုက်တယ်။ အဲ့တာကြောင့် သူ့သခင်ကို အသနားခံဖို့ မစောင့်နိုင်တော့ဘူး။

“ဒီကိုလာခဲ့..”

ရွှယ်ယို့ရှန်းက လက်ကိုဆန့်လိုက်ပြီး သူ့လက်မောင်းကြားကို ဝင်လာဖို့ အမူအရာပြလိုက်တယ်။ သူကိုယ်တိုင်က တိချစ်သူ မဟုတ်ပေမယ့် ဒီလိုမဟားတရားချစ်စရာကောင်းနေတဲ့ ကြောင်လေးကို မြင်လိုက်ရသူတိုင်း ရင်ခွင်ထဲထည့်ပြီး ပွတ်သပ်ပေးချင်စိတ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလေ။

“Meow..!”

သူ့ပိုင်ရှင်ခေါ်နေတာကို မြင်လိုက်ရတော့ ပါရှားကြောင်လေးလည်း ရင်းဆုယဲ့ရဲ့ လက်မောင်းကြားကနေ ချက်ချင်း ခုန်ထွက်နိုင်ဖို့ ရုန်းကန်နေတော့တယ်။

သခင့်ရဲ့လက်မောင်းကြားမှာ သက်သောင့်သက်သာ နေချင်တယ်။ ဒီလူဆိုးကြီးဆီမှာ ခြိမ်းခြောက်ခံရပြီး မနေချင်ဘူးလို့..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now