47

9.5K 1.8K 52
                                    

Unicode

“ငါးကင်စားမလား.. ဒါမှမဟုတ် တခြားတစ်ခုခု စားချင်လား..?”

ရွှယ်ယို့ရှန်းက ဗိုက်ဆာတယ်ဆိုပြီး ညည်းညူနေခဲ့တာကို ရင်းဆုယဲ့ သတိရသွားတယ်။

“တခြားတစ်ခုခု စားကြရအောင်..”

ရင်းဆုယဲ့က အကင် Skill ကောင်းပေမယ့် ငါးကင်ချည်းပဲ စားနေရတာ ငြီးငွေ့လာပြီ။ တခြားတစ်ခုခု စားရရင် သိပ်ကောင်းမှာပဲ..!

“ကောင်းပြီ..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းဆီက ခွင့်မပြုချက်မတောင်းဘဲ ပွေ့ချီလိုက်တယ်။

“ခင်ဗျား ဘာလုပ်တာလဲ..?”

ရုတ်တရက်ကြီး ပွေ့ချီခံလိုက်ရတော့ ရွှယ်ယို့ရှန်းမှာ မသိစိတ်အရ ရင်းဆုယဲ့ရဲ့ လည်ပင်းကို သူ့ရဲ့လက်တွေနဲ့ ရစ်သိုင်းလိုက်ရင်း ပြုတ်ကျမသွားအောင် ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရတယ်။

“မြူနှင်းတောအုပ်ထဲကနေ ထွက်သွားတော့မလို့..”

ရင်းဆုယဲ့က ပြောရင်းဆိုရင်း ထွက်ပေါက်ရှိရာဘက်သို့ ဦးတည်ကာ လျှောက်သွားတော့တယ်။

“နေဦး.. ကျွန်တော်တို့ စားဖို့သောက်ဖို့အကြောင်း ပြောနေတာမဟုတ်ဘူးလား..?”

ရင်းဆုယဲ့ရဲ့ စကားလမ်းကြောင်းပြောင်းတတ်တဲ့ skill က အရမ်းမြန်လွန်းလို့ သူတောင် လိုက်မမီတော့ဘူး..!

“ခဏပဲ သည်းခံနော်..”

သူပြောတာကို ရွှယ်ယို့ရှန်း သဘောမပေါက်မှန်း သိလိုက်ရတော့ ရင်းဆုယဲ့လည်း တစ်ခဏစဉ်းစားပြီး ဆက်ရှင်းပြလိုက်တယ်။

“ကိုယ်တို့ ခပ်မြန်မြန်သွားရင် အနီးဆုံးမြို့တစ်ခုခုကို နေမဝင်ခင် ရောက်သွားမှာပဲ.. အဲ့မှာဆိုရင် ပူပူနွေးနွေး အရသာရှိတာလေးတွေ စားလို့ရပြီလေ..”

“ဒါပေမဲ့ ကျွန်တော်တို့ သခင်-အစေခံစာချုပ်ကို ပယ်ဖျက်ဖို့ ပါဝင်ပစ္စည်းတွေ လိုက်ရှာရဦးမယ်လေ..”

ရွှယ်ယို့ရှန်းလည်း အစားအသောက်ကောင်းတွေ စားချင်ပေမယ့် ရင်းဆုယဲ့ကို တောထဲကနေ ထွက်မသွားစေချင်သေးဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now