112

7.1K 1.4K 30
                                    

Unicode

“ကောင်းတယ်.. နောက်ဆုံးတော့ မင်းက ကိုယ့်အပိုင်ဖြစ်သွားပြီ..!”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို လုံးဝထွက်မသွားနိုင်အောင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်လေတယ်။

“………..”

ရွှယ်ယို့ရှန်းခမျာ ဘာမှပြန်မပြောနိုင်တော့ဘဲ မျက်လုံးသာ လှိမ့်လိုက်မိတယ်။

တစ်ဦးနဲ့တစ်ဦး အရင်ဆုံး ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားကြမယ်လို့ ကတိပေးလိုက်တာပါ။ တစ်သက်လုံး အတူနေသွားမယ်လို့ မပြောမိပါဘူး။ အဲ့တာကို ရင်းဆုယဲ့က ဘာတွေပျော်မြူးနေတာလဲ..?

မည်သို့ပင်ဆိုစေ လိမ္မာပါးနပ်လှတဲ့ ရွှယ်ယို့ရှန်းက ဘာမှထပ်မမေးခဲ့ဘူး။

အဲ့တာက ရင်းဆုယဲ့ရဲ့ သနားစဖွယ်ပုံစံလေးကြောင့် မဟုတ်ဘူးနော်။ ပွဲခံနေတုန်း မိုးဖျက်တာမျိုး မဖြစ်စေချင်လို့ပဲ။ အဲ့တာကြောင့် ရင်းဆုယဲ့ ခနလေးဖြစ်ဖြစ် ပျော်ရွှင်နိုင်ဖို့ သဘောထားကြီးကြီးနဲ့ သူ့ကိုယ်သူ စတေးခံရတော့မှာပေါ့..!

“ဘာလို့ကျွန်တော့်ကို ရုတ်တရက်ကြီး ကြိုက်သွားရတာလဲဟင်..?”

အကြောင်းပြချက်အမျိုးမျိုးကြောင့် ရင်းဆုယဲ့နဲ့ အတူရှိနေဖို့ ကတိပေးလိုက်ရပေမယ့် ရင်းဆုယဲ့ သူ့ကို ဘယ်အချိန်ကတည်းက ကြိုက်သွားတာလဲဆိုတာ အဖြေရှာမရသေးဘူး။

“စတွေ့ကတည်းကပဲ.. မင်းက သူများနဲ့မတူဘူး..!”

ကောင်လေးအပေါ် သူ့ရဲ့ခံစားချက်တွေက ဘယ်အချိန် အရောင်ပြောင်းသွားတာလဲဆိုတာကို ရင်းဆုယဲ့လည်း သေချာမသိပေမယ့် သူသိတာတစ်ခုက ကောင်လေးကို ဘယ်တော့မှ လက်လွှတ်မပေးနိုင်ဘူး။ ခံစားချက်တွေကလည ရုတ်တရက် ဖြစ်ပေါ်လာတာလည်း မဟုတ်ဘူး။ တဖြည်းဖြည်းချင်း စုပုံလာတာ။

ပထမဆုံး တွေ့ဆုံတဲ့အချိန် ကောင်လေးရဲ့ ‘ကျွန်တော့်ကို ယုံလို့ရတယ်’ ဆိုတဲ့စကားကို ကြားလိုက်ကတည်းက ရွှယ်ယို့ရှန်းက အရှိန်အဟုန်ပြင်းပြင်းနဲ့ သူ့ရဲ့နှလုံးသားတံခါးကို အပေါက်ဖောက်ပစ်လိုက်တာပဲ။ အဲ့အချိန်တုန်းကတော့ ကောင်လေးကို တကယ့်ကလေးတစ်ယောက်လို ဂရုစိုက်ပေးခဲ့တာပါ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now