90

7.9K 1.5K 84
                                    

Unicode

"ကျုပ် ရွှယ်ယို့ရှန်းကို လိုချင်တယ်.."

အဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော်ပြောပြီးနောက် ရင်းဝူရွှမ်ရဲ့ စိတ်ထဲမှာ ရွှယ်ယို့ရှန်းကို လိုချင်နေကြောင်း ပိုမိုသေချာသွားခဲ့တယ်။

ရွှယ်ယို့ရှန်းက ကြီးမြတ်တဲ့ ဒဏ္ဍာရီလာ မန္တန်သခင်ဆိုတော့ ကောင်လေးကို ပိုင်ဆိုင်ထားသရွေ့ သူ့ရဲ့ဒဏ်ရာကို မန္တန်အစီအရင်နဲ့ ပျောက်ကင်းအောင် ကုသလိုရတယ်ဆိုတဲ့ သဘောပဲမဟုတ်ဘူးလား..?

ထိုအချက်ကို တွေးလိုက်မိတော့ ရွှယ်ယို့ရှန်းကိုကြည့်နေတဲ့ ရင်းဝူရွှမ်ရဲ့ အပိုင်စီးလိုတဲ့အကြည့်က ပိုမိုစူးရှလာခဲ့တော့တယ်။

ရွှယ်ယို့ရှန်းကို စတွေ့ကတည်းက သူ့ရဲ့စိတ်ထဲမှာ အမျိုးအမည်မဖော်ပြတတ်တဲ့ နှစ်သက်မှုမျိုးကို ခံစားခဲ့ရတယ်။ ထိုကလေးရဲ့ ဒဏ္ဍာရီလာဖြစ်တည်မှုကို သိလိုက်ရတဲ့အချိန် သူ့ရဲ့စိတ်က ပိုမိုထက်သန်လာခဲ့တယ်။ ရင်းဝူရွှမ်ရဲ့စိတ်ထဲမှာ သာလွန်ထူးမြတ်တဲ့ ဒီလေးငယ်က သူနဲ့သာ ထိုက်တန်တယ်လို့ ထင်မြင်နေတော့တယ်။

".................."

ရွှယ်ယို့ရှန်းမှာ နှုတ်ခမ်းမဲ့ရွဲ့သွားရပြီး ရင်းဝူရွှမ်ကို ဘာမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရတယ်။

ရင်းဝူရွှမ်က ရင်းဆုယဲ့ကို လက်စားချေမယ်လို့ ပြောလာခဲ့ရင်တောင် နားလည်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘာကိစ္စ သူ့ကို ပြဿနာလာရှာရတာလဲ..? နားမလည်နိုင်တော့ဘူး။ 'အိစက်နေတဲ့တည်သီးကိုပဲ ထိုးနှက်ရဲတယ်' ဆိုတဲ့ သဘောလား..?

(TN : 'အိစက်နေတဲ့တည်သီးကိုပဲ ထိုးနှက်ရဲတယ်' ၊ သူ့ရဲ့အဓိပ္ပါယ်က အင်အားကြီးတဲ့လူကို ကြောက်ပြီး၊ အားနည်းတဲ့လူကိုပဲ အနိုင်ကျင့်တတ်တယ်လို့ ဆိုလိုချင်တာပါ။)

သောက်ကျိုးနည်း..! ရင်းဝူရွှမ်ကတော့ အရမ်းလွန်လွန်းနေပြီ.. ဟုတ်တယ်မလား..?!

ကြည့်ရတာ ရင်းဝူရွှမ်က သူ့ရဲ့အပြုအမူတွေကို သဘောမပေါက်သေးဘူး ထင်ပါရဲ့။ 'အမြီးဖွက်ပြီး သေချင်ယောင်ဆောင်' ရမယ့်အစား အသိဉာဏ်မရှိပဲ သူ့ကို လာပြဿနာရှာရဲတယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now