82

7.2K 1.4K 106
                                    

Unicode

“ရင်းဆုယဲ့ကို ထိန်းချုပ်လိုက်..”

ရင်းအိမ်တော်ရဲ့ အဆင့်မြင့်တိုက်ခိုက်ရေးသမားတွေ ရောက်လာတာနဲ့ ရင်းမင်က ရင်းဆုယဲ့ကိုဖမ်းဆီးရန် အမိန့်ပေးလိုက်တယ်။ ရင်းမင်က ရင်းဆုယဲ့နဲ့ တိုက်ခိုက်ပြီးနောက်မှာ ရင်းဆုယဲ့ကို အနိုင်မတိုက်နိုင်မှန်း သဘောပေါက်သွားခဲ့တယ်။ အဲတာကြောင့် ရင်းဝူရွှမ်ရဲ့ အခြေခံအုတ်မြစ် ဖျက်ဆီးခံလိုက်ရတာတောင် မလှုပ်ရှားသေးပဲ တပ်ကူတွေ ရောက်လာမယ့်အချိန်ထိ အချိန်ဆွဲရင်း စောင့်နေခဲ့တယ်။

“ဟုတ်ကဲ့..”

ထိုလူတွေက မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကို ကြားလိုက်တာနဲ့ ရင်းဆုယဲ့ကို မုန်းတီးစွာ စိုက်ကြည့်ရင်း တိုက်ခိုက်ရန် ဝန်းရံလိုက်ကြတယ်။

အဆင့်မြင့်တိုက်ခိုက်သူတွေကြားက ရင်းဆုယဲ့ကိုကြည့်ပြီး ရင်းမင်နဲ့ရင်းဝူရွှမ်တို့ရဲ့ ဒေါသတရားတွေက အနည်းငယ် ပြေလျော့သွားခဲ့တော့တယ်။ သူတို့ရဲ့အမြင်မှာ ရင်းဆုယဲ့က ဘယ်လိုမှလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။

ရင်းဆုယဲ့ကတော့ အန္တရာယ်ထဲကျရောက်နေတာတောင် စကားတစ်ခွန်းမှမဆိုပဲ မတ်တပ်ရပ်နေခဲ့တယ်။

“ကျွန်တော်တို့ နောက်ပြန်ဆုတ်သင့်လားဟင်..?”

ရင်းဆုယဲ့ရဲ့ ရင်ခွင်ထဲမှာရှိနေတဲ့ ရွှယ်ယို့ရှန်းလည်း ဖြစ်ပျက်သမျှတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာကြောင့် လက်ရှိအခြေအနေကို နားလည်သွားရတယ်။

ဒီနေ့ ရင်းမင်က ရင်းဆုယဲ့ကို လွတ်မြောက်ခွင့်ပေးတော့မှာမဟုတ်ဘူး..!

တကယ့် ဆန်ကုန်မြေလေးအဖေမျိုးပဲ..!

ဒါပေမဲ့ အခုချိန်မှာ ရင်းမင်ရဲ့ဘက်လိုက်မှုကို စက်ဆုပ်ရွံရှာနေရမယ့်အချိန် မဟုတ်သေးဘူး။ လက်ရှိအခြေအနေကို အရင်ကိုင်တွယ်ရဦးမယ်။ ရင်းဆုယဲ့ရဲ့ စွမ်းအားကို ရာခိုင်နှုန်းပြည့် ယုံကြည်ပေမယ့်လည်း ဒီပြဿနာကို အရမ်းမကြီးစေချင်ခဲ့ဘူး။

ရင်းဆုယဲ့နဲ့ ရင်းအိမ်တော်ကြားက ပြဿနာက လက်ရှိအခြေအနေမှာ မိသားစုပြဿနာတစ်ခုဆိုပေမယ့် ပိုပြီးကြီးထွားလာရင် မြို့တော်တစ်ခုလုံးကို အလန့်တကြား ဖြစ်သွားစေလိမ့်မယ်။ ရင်းဆုယဲ့ကိုလည်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသူ၊ ရည်ရွယ်ချက်ရှိရှိ ပုန်ကန်သူအဖြစ် သတ်မှတ်ကြလိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now