29

10.9K 2K 71
                                    

Unicode

“ရင်းဆုယဲ့.. ဒါပြီးရင် ဘယ်သွားမှာလဲ..?”

ရွှယ်ယို့ရှန်းက သစ်သီးကို တစ်ကိုက်ကိုက်ရင်း ဗလုံးဗထွေးနဲ့ လှမ်းမေးလိုက်တယ်။

ရွှယ်ယို့ရှန်း အသားမစားချင်မှန်း သိလိုက်ရပြီးနောက် ရင်းဆုယဲ့က ကောင်လေးအတွက် တစ်ခုခု ထွက်ရှာပေးခဲ့တယ်။ အခု ရွှယ်ယို့ရှန်းစားနေတဲ့ သစ်သီးတွေက ရင်းဆုယဲ့ကိုယ်တိုင် သေသေချာချာ သွားရှာပေးခဲ့တဲ့ သစ်သီးတွေပေါ့။ ဝံပုလွေအသားကင်တွေကိုတော့ ရင်းဆုယဲ့က အနည်းငယ်သာစားပြီး ကျန်တဲ့အသားအကုန်လုံးကို လွှင့်ပစ်လိုက်တယ်။

ရွှယ်ယို့ရှန်းက အခုလောလောဆယ် သူလည်း အသားမစားချင်တာကြောင့် ရင်းဆုယဲ့ရဲ့ ဖြုန်းတီးတတ်တဲ့ အကျင့်စရိုက်ကို ဘာမှဝင်မပြောခဲ့ဘူး။

“တော်ဝင်မြို့တော်ကို ပြန်ကြမယ်..”

ရင်းဆုယဲ့က မြို့တော်ရှိရာဘက်ကို လှမ်းမျှော်ကြည့်ရင်း သူ့အကြည့်တွေက ကြောက်မက်ဖွယ်ကောင်းအောင် မှောင်မိုက်လာခဲ့တယ်။

ပြန်လည်မွေးဖွားလာပြီးကတည်းက ဒီနေရာမှာ အချိန်ဖြုန်းနေဖို့ အတွေးမရှိတော့ဘူး။ သူ့အပေါ် ပြန်ပေးဆပ်ရမယ့်လူတွေ၊ သူ့ကို ထိခိုက်အောင်လုပ်ခဲ့တဲ့ လူတွေ၊ သစ္စာဖောက်ခဲ့တဲ့ လူတွေအားလုံးကို တစ်ယောက်ချင်းစီ အကြွေးပြန်တောင်းရမယ်။ သူ့အပေါ် အပြစ်ကျူးလွန်ခဲ့သူတိုင်း အကြောက်တရားအစစ်ကို သိသွားစေရမယ်။

“……......”

ရွှယ်ယို့ရှန်းခမျာ အနည်းငယ် တုံ့ဆိုင်းသွားရတယ်။ ရင်းဆုယဲ့က မြူနှင်းတောအုပ်ကနေ ထွက်သွားချင်နေတယ်..? တကယ်ပဲ တန်းပြန်တော့မှာလား..?

တော်ဝင်မြို့တော်က လူသားတွေရဲ့ မြို့တော်ဖြစ်သလို ရင်းဆုယဲ့ရဲ့ မွေးဖွားရာဇာတိဆိုလည်း မမှားပါဘူး။ တခြားအရာတွေထက် ထိုနေရာက ရင်းဆုယဲ့ တန်ခိုးဩဇာကြီးမားလာမယ့် နေရာ ဖြစ်လေတယ်။

ဘယ်လိုဖြစ်လို့ ရင်းဆုယဲ့လုပ်သမျှက သူရေးထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေရတာလဲ..?

သူ အကြမ်းဖျင်းရေးထားတဲ့ ဇာတ်ကြောင်းအရဆိုရင် ရင်းဆုယဲ့က မြူနှင်းတောအုပ်ထဲမှာ ၃ လလောက် နေရဦးမှာ။ ဒီနေရာမှာပဲ လောကအတွေ့အကြုံတွေ တွေ့ကြုံခံစားရပြီး ကျင့်ကြံခြင်းအဆင့်လည်း ကနဦးအဆင့် ၁ ကနေ အဆင့် ၉ အထိ အဆင့်တက်နိုင်လိမ့်မယ်။ ရွှေရောင်အဆင့်ရောက်ဖို့ သိပ်မလိုတော့တဲ့ အကွာအဝေးတစ်ခုပေါ့..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now